Chapter(23)

3.1K 569 73
                                    

Unicode~

Chapter(23)သာယာကြည်နူးဖွယ်ရာ ညစာ

ရီလန်ရာ့က သူမမျက်လုံးထဲမှာ မျက်ရည်တွေနှင့် အသီးအရွက်တွေကို တစ်လုပ် စားတယ်။ ဒါက စားပွဲပေါ်က အစပ်အနည်းဆုံး ဟင်းပွဲဆိုပေမဲ့ ဒါက ဒီစားပွဲနှင့် ဆက်စပ်မှုရှိနေတာပါပဲ။ ရီလန်ရာ့အတွက်တော့ ဒီဟင်းပွဲကိုက အတော်စပ်နေပြီ။

ဒါပေမဲ့ ရီလန်ရာ့အံဩမိတာက ရှောင်ယွီကလည်း အစပ်မစားနိုင်ဘူးလို့ မထင်ထားခဲ့မိတာပဲ။

စားပွဲက လူတိုင်းက ရီလန်ရာ့နှင့် ရှောင်ယွီတို့က မျက်ရည်အဝဲသားဖြင့် သူတို့ရှေ့မှ အစားအစာများကို စားနေသည်ကိုကြည့်ပြီး ဆွံ့အကုန်ကြတယ်။

ခုန်းယွီချင်းက ပို၍ပင် အံ့ဩမိပြီး သူမဘာသာ တွေးမိတယ်: မဒမ်ကလည်း အစပ်မစားနိုင်ဘူးပဲ! ရီလန်ရာ့ကို ငရုတ်သီးစားခိုင်းဖို့အရေး သူမကိုယ်သူမ စွန့်လွှတ်အနစ်နာခံမယ်လို့ မထင်ထားမိဘူး။

ရှောင်ယွီက သူမထင်သလောက် မတည်ငြိမ်ပါဘူး၊ သူမ အရမ်းဆိုးဆိုးဝါးဝါးကြီးကို ကျိန်ဆဲချင်နေမိတယ်။ မူလပိုင်ရှင်က တကယ်ပဲ အစပ်မစားဖူးဘူး၊ ရှောင်ယွီက ဒါကို မသိခဲ့ဘူး။သူမကိုယ်တိုင်ကသာ အစပ်အရမ်းကြိုက်လို့သာမဟုတ်ခဲ့ရင်  အစပ်က ဘယ်လိုမျိုးလဲတောင် သိအုံးမှာမဟုတ်ဘူးဆိုတာကို ရှောင်ယွီ ပုံတောင်မဖော်ကြည့်နိုင်တော့ဘူး။

ရှောင်ယွီ့ဘေးမှာ ထိုင်တဲ့ကျီရွှမ်က ရှောင်ယွီတစ်ယောက် သူ့အရှေ့က အသားပြားလွှာကို မျက်လုံးထဲက မျက်ရည်တွေစီးလျက် စားနေသည်ကို ကြည့်ရင်း သူက အိမ်အကူထံမှ ရေခဲရေခွက်ကိုယူ၍ သူမကို ပေးလိုက်တယ်၊ “မစားနိုင်ရင် ထပ်မစားတော့နဲ့”

ရှောင်ယွီက သူ့ကို တစ်ချက်ကြည့်၍ ပြောတယ်: “ကျွန်မ မစားနိုင်တော့ဘူးလို့ ဘယ်သူပြောလဲ။ ကျွန်မကို ရေတစ်ခွက်သာပေးပါ၊ နောက်ထပ်နှစ်ပန်းကန်လောက် စားနိုင်ပါသေးတယ်”

ရှောင်ယွီက သူ့လက်ထဲက ရေခဲရေကိုယူ၍ အလုတ်ခပ်ကြီးကြီး တစ်လုပ်သောက်ပြီးနောက် ဝက်သားပြားများကို ယူရန် သူမ၏တူကို လှမ်းလိုက်တယ်။ သူမက သူတို့ကို အရမ်းစပ်အောင်ချက်ဖို့ တောင်းဆိုထားသေးတယ်။ သူမခြေထောက်က အစပ်ကြောင့် ကန်ကြောက်ရလွန်းလို့ နာနေပြီ။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Donde viven las historias. Descúbrelo ahora