Chapter(2.1)

4K 589 15
                                    

Unicode~

Chapter(2.1)သူမ၏သား

"မေမေ၊ သားပြန်လာပြီ" ကောင်လေးရဲ့အသံက သူမနားထဲ အော််မြည်လာတယ်။ သူက ပဲနို့တစ်ခွက်နဲ့ ပေါက်စီနှစ်လုံးကို ဘေးက စားပွဲပေါ်တင်လိုက်တယ်။

သူက ကုတင်အစွန်းကို ပြေးသွားပြီး ကုတင်စားပွဲကို ထုတ်ခင်းလိုက်တယ်။ စားပွဲကို ညှိဖို့က သူ့အတွက်ခက်ခဲနေတယ်။ အခြားကုတင်က လူနာရဲ့မိသားစုက လက်ထဲမှာ မနက်စာနဲ့ ရောက်လာကြတယ်။ သူတို့က ကောင်လေးက ကုတင်စားပွဲ ရွှေ့​​နေတာကိုမြင်တဲ့အခါမှာ သူတို့ သူ့ကို ကူညီပေးကြတယ်။

"ကွမ်း၊ တကယ်လို့ ဒါကို ရွှေ့မရဘူးဆိုရင် သူနာပြုတွေကို အကူအညီတောင်းလို့ရတယ်လေ" လို့ လက်ထဲမှာ မနက်စာသယ်ထားတဲ့ ယောင်္ကျားက ပြောတယ်။

ကောင်လေးက ခေါင်းညိတ်ပြီး သူ့မျက်နှာပေါ်က ချွေးတွေကိုသုတ်ပြီး ပြောတယ်။ " ကျေးဇူးပါ ဦးလေးစွင်း၊ ရပါတယ်၊ သားလုပ်နိုင်ပါတယ်" ။ သူနာပြုများက အလုပ်များကြလို့ သူကိုယ်တိုင်သာ လုပ်ချင်၏။

ထိုယောင်္ကျားက ရှောင်ယွီကို အေးတိအေးစက်ကြည့်လိုက်၍ ကောင်လေးကို ပြောတယ်: "တစ်ခုခုဆို ဦးလေးစွင်းကို လာရှာလို့ရတယ်"။ သူက အစားအစာကို အတွင်းဆုံးကုတင်ဆီကို သယ်သွားတယ်၊ ဒါပေမဲ့ သူက ရှောင်ယွီကို လုံးဝစကားမပြောခဲ့ဘူး။

ကွမ်း လို့ခေါ်တဲ့ ကောင်လေးက နဂိုက စားပွဲပေါ်တင်ထားတဲ့ မနက်စာကို ယူပြီး ကုတင်စားပွဲပေါ်ကိုတင်လိုက်တယ်။ ထို့နောက် ကုတင်စွန်းသို့ ပြေးပြီး ကုတင်ကို တဖြည်းဖြည်း မြှင့်လိုက်တယ်။ သူမက သူမရှေ့မှာရှိတဲ့ ပဲနို့နဲ့ ပေါက်စီနှစ်လုံးကိုကြည့်ပြီး ခဏတာ ကြောင်အသွားတယ်။

ကောင်လေးက အိပ်ရာပေါ် ပြန်တက်လာပြီး ရှောင်ယွီနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်တယ်။ ပိုက်ကို ပဲနို့ထဲကို ပိုက်ထည့်ပြီး သူ့ရဲ့လက်တိုတိုလေးကို ဆန့်ထုတ်ပြီး ရှောင်ယွီရဲ့ရှေ့ကို သောက်စရာ လှမ်းပေးလိုက်တယ်။

ရှောင်ယွီက သူမခေါင်းကို ငုံပြီး တစ်ငုံသောက်လိုက်တယ်။ ပဲနို့က အရမ်းချိုတယ်။ သူမ ကောင်လေးက တံတွေးမျိုချနေတာကို မြင်လိုက်တယ်။ ရှောင်ယွီက ရပ်လိုက်ပြီး မေးတယ်။ "သားရော စားပြီးပြီလား?"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Donde viven las historias. Descúbrelo ahora