Chapter(27)

2.8K 509 23
                                    

Unicode

Chapter(27) လူလိမ်ကြီး

ကျီယွီက တစ်ခဏမျှ တရှုံ့ရှုံ့ငိုပြီးနောက် ရှောင်ရော့ကွမ်းကို ပျော်ရွှင်မြူးတူးစွာဆွဲခေါ်ပြီး ဆက်ကစားပါတော့တယ်~!

ကျီရွှမ်က ရှောင်ယွီနှင့် ဆွေးနွေးဖို့ နောက်ကို လှည့်လိုက်တယ်: “ဟေး၊ လူမြင်ကွင်းမှာ ငါ့ကို ရိုက်တာရပ်ဖို့ ပြောသင့်တယ်နော်၊ ဒါက တော်တော်ရှက်စရာကောင်းတာပဲ”

ရှောင်ယွီက ခဏလောက်တွေးကြည့်ပြီး ပြောတယ်၊ “မပြောဘူး”

ကျီရွှမ်: “......”

ရှောင်ယွီက ဆက်ပြောတယ်: “သမီးက ရှင့်ကိုရိုက်တာ မှားပေမဲ့လည်း ရှင့်ကို ပြောဆိုမနေဖို့ ကျွန်မပြောပြီးပြီလေ! သင်ခန်းစာက သင်ခန်းစာပဲ၊ မှန်ပေမဲ့လည်း တစ်ရက်ထဲ အကုန်ပြောရင် သမီးက ပျော်မှာမဟုတ်ဘူး၊ ဟုတ်တယ်မလား?”

ခဏလောက်စဉ်းစားကြည့်ပြီးနောက်မှာ ကျီရွှမ်က နည်းနည်းမှန်တယ်ဆိုတာကို ဝန်ခံလိုက်ရတယ်။ ထို့နောက်သူက မေးတယ်: “ဒါဆို သမီးကို ဒီလိုမလုပ်ဘဲ မိန်းကလေးနှင့် ပိုတူအောင်နေဖို့ ဘယ်ချိန်ဆုံးမမှာလဲ?”

ရှောင်ယွီက သူ့လက်ကို ပုတ်ပြီး အလေးအနက်ပြောလာတယ်၊ “ရှင် သူမကို ဘယ်လိုတိုက်ခိုက်ရတယ်ဆိုတာ သင်ပေးမယ်လို့ ကတိပေးလိုက်တာကို မေ့နေမှာ စိုးတယ်၊ ဟုတ်တယ်မလား?”

ကျီရွှမ်: “........” သေလိုက်ပါတော့၊ ဒါဆို သမီးက ငါ့ကို နောက်ပုံစံတစ်မျိုးနဲ့ ရိုက်နေတာပဲ မဟုတ်ဘူးလား?

ရှောင်ယွီက ပြုံးပြီး ပြောတယ်၊ “စိတ်မပူပါနဲ့၊ ကျွန်မက သမီးကို သူ့အဖေကို မရိုက်ဖို့ သင်ပေးမှာပါ၊ ကျွန်မက အမေကောင်းတစ်ယောက်ပါနော်!”

ကျီရွှမ်: “.......ကောင်းပါတယ်”

တစ်ခြားတစ်ဖက်မှာတော့ ကျီယွီက ရှောင်ရော့ကွမ်းကို အသေးစားထိုင်ခုံပျံတွေဆီ ဆွဲခေါ်သွားတယ်။ ဝန်ထမ်းတွေက ကလေးနှစ်ယောက်အတွက် လုံခြုံစိတ်ချရအောင် ပြင်ပေးတယ်။ ထို့နောက် အဲ့ဒါက စပြီး လည်တော့တယ်၊ ထိုင်ခုံပျံတွေက မြေပြင်ပေါ်ကနေ ဖြည်းဖြည်းချင်း တက်သွားပြီး လေပေါ်မှာ တစ်သမတ်အရှိန်နှင့် စက်ဝိုင်းပုံလှည့်ပတ်နေတယ်။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now