Chapter(10)

3.5K 640 39
                                    

Unicode~

Chapter(10) သားက မေမေ့ကို အဖော်ပြုပေးချင်တယ်

ကျီရွှမ်က နှစ်ယောက်ဆီက စောဒကအတက်ခံရပြီးတဲ့နောက်မှာ အမေနှင့်သမီးအတွဲကို စကားမပြောချင်တော့ဘူး။ ဒါကြောင့် သူက စွပ်ပြုတ်ချိုကို ရှောင်ရော့ကွမ်းဘက်ကို သယ်သွားပြီး ပြောတယ်။ " ရှောင်ကွမ်း၊ ဖေဖေက သားအတွက် စွပ်ပြုတ်ချိုယူလာခဲ့ပေးတယ်။ အိမ်က ကလေးထိန်းအန်တီက လုပ်ထားတာ၊ အရမ်းအရသာရှိတယ်"

ရှောင်ရော့ကွမ်းက သူ့ရဲ့မျက်လုံးကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူ့မျက်တောင်ရှည်တွေက တစ်ဖျတ်ဖျတ်ခတ်ပြီး သူ့ရဲ့ချစ်စရာကောင်းတဲ့ အသံလေးနှင့် ပြောတယ်: "သားအတွက်လား?"

ကျီရွှမ်ရဲ့နှလုံးသားက သူ့အတွက် အရည်ပျော်သွားတယ်။ သူက သေချာမှုအပြည့်နှင့် ခေါင်းငြိမ့်ပြတယ်: " အင်း၊ ဒါက သားအတွက်"

"မဟုတ်ဘူး" ကျီယွီက ခုန်ဝင်လာတယ်။ ကျီရွှမ်က ဒါမျိုးဖြစ်တော့မယ်ဆိုတာ ကြိုသိနေတယ်။ ဒါကြောင့် သူက ရှောင်ရော့ကွမ်းကို ချီပြီး သူမပစ်ဝင်လာတာနေ ရှောင်ဖို့ မတ်တပ်ရပ်လိုက်တယ်။

ကျီယွီက ရန်လိုလာပြီး သူမက ကျီရွှမ်ရဲ့ ဘောင်းဘီကို ဆောင့်ဆွဲပြီး အော်တယ်။ "ဖေဖေက သူရှိတော့ သမီးကို မလိုချင်တော့ဘူးပေါ့။ အဖေက မကောင်းတဲ့အဖေပဲ၊ သမီး အဖေ့ကို ဘယ်တော့မှ မလိုချင်တော့ဘူး။ သမီးက ဘာလို့ စွပ်ပြုတ်ချိုကို သောက်လို့ မရရမှာလဲ၊ သမီးကလေးထိန်းက လုပ်ပေးတာကို။ သမီးက ဘာလို့မရရတာလဲ? ဖေဖေက မကောင်းတဲ့အဖေပဲ၊ ဖေဖေက မကောင်းတဲ့အဖေပဲ......."

ရှောင်ရော့ကွမ်းက ကျီယွီကို ကြည့်တယ်။ သူက ကျီရွှမ်ရဲ့ကော်လာကို ဆွဲပြီး ပြောတယ်။ "သားရဲ့မမကို ပေးလိုက်ပါ!"

ကျီယွီက ရှောင်ရော့ကွမ်းရဲ့ သဘောထားကြီးမှုကြောင့် တုန်လှုပ်သွားတယ်။ သူမက ရှောင်ရော့ကွမ်းကို မျက်လုံးကျယ်ကြီးတွေနှင့် စိုက်ကြည့်နေတယ်။ သူမက ရုတ်တရက် ကျီရွှမ်ကို လွှတ်လိုက်ပြီး သူမလက်ကို ရင်ဘက်နားမှာ ပိုက်ထားရင်း ခက်ထန်စွာ ပြောတယ်: "ဟမ့်! ငါ့ကို ဒီလိုမျိုး ချော့တာနဲ့ ငါက နင့်ကိုသဘောကျသွားမယ် ထင်နေတာလား? မရဘူး"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now