Chapter(39)

1.4K 254 9
                                    

Unicode

Chapter(39) ရိုက်စား

“မေမေ၊ followers ဆိုတာ ဘာကြီးလဲ?” ရှောင်ရော့ကွမ်းက မေးလိုက်တယ်၊ ကျီယွီကလည်း သူမကို သိချင်စိတ်အပြည့်နှင့် ကြည့်နေတယ်။

ရှောင်ယွီက ပြုံးလိုက်တယ်: “သားဖေဖေကို ကြည့်လိုက်.....”

ကျီရွှမ်: “.....”  (ဒီတစ်ခါလည်း ငါပဲလား?)

ရှောင်ယွီက ဆက်ပြောတယ်: “မေမေ စန္ဒယားတီးတိုင်း သားဖေဖေက မေမေ့ဖျော်ဖြေမှုကို ကြည်နူးပြီး အရမ်းတွေကြိုက်နေတာလေ၊ အဲ့တော့ သားဖေဖေက follower တစ်ယောက်ပဲပေါ့။ သားဖေဖေက မေမေ့ရဲ့ follower!”

ကျီရွှမ်: “…..”

ရှောင်ရော့ကွမ်းက နောက်ဆုံးမှတော့ သဘောပေါက်သွားပြီး ပြောတယ်: “ဒါဆို သားကလည်း မေမေ့ followerပဲပေါ့၊ သားလည်း တကယ်ကြီး မေမေ့ရဲ့ ဖျော်ဖြေမှုကို သဘောကျတယ်”

ကျီယွီက လက်မြှောက်ပြီး မတ်တပ်ရပ်လိုက်တယ်: “မီးရောပဲ၊ သမီးကလည်း မေမေ့ followerပဲနော်။ သမီးက မေမေ့ရဲ့ဖျော်ဖြေမှုကို အကြိုက်ဆုံးပဲ၊ Chopinထက်တောင်ပိုကြိုက်သေးတယ်!”

(T.N: Chopinဆိုတာ ၁၉ ရာစုနှစ်က စန္ဒယားပညာရှင်ပါ)

ရှောင်ယွီက ပြုံး၍ ခေါင်းငြိမ့်ပြလိုက်တယ်: “နှစ်ယောက်လုံးက မေမေ့ရဲ့ကလေးအလိမ္မာလေးတွေပါ”

ကျီယွီနှင့် ရှောင်ရော့ကွမ်းနှစ်ယောက်လုံးက ပြုံးပျော်နေကြတယ်၊ သူမရဲ့ကလေးလေးတွေကို ချီးကျူးပြီးနောက်မှာ ရှောင်ယွီက သူမရဲ့accountကို register ဆက်လုပ်လိုက်တယ်။

သူမက customer service ကို ဖုန်းဆက်ပြီး အခြေအနေကို ပြောပြလိုက်တယ်၊ သက်သေခံပေးဖို့က မခက်ခဲပါဘူး၊ မှန်မမှန်စစ်ဆေးဖို့အတွက် သူမက သူတို့ကို ကိုယ်ရေးအချက်အလက်တွေ ပေးရုံပါပဲ။ ခဏကြာပြီးနောက်မှာ သူမရဲ့account ကို မှန်ကန်ကြောင်း အသိအမှတ်ပြုတဲ့ အဝါရောင် “V” အက္ခရာလေး ရလာတယ်။

“ဒါလေးကို လွမ်းနေတာ ကြာပေါ့!” ရှောင်ယွီက “V” အက္ခရာလေးကို ထိလိုက်တယ်။

ကျီရွှမ်က စိတ်ရှုပ်ထွေးသွားတယ်: “မင်းက ဒါကို လွမ်းနေတယ်ဟုတ်လား? ငါမမှားဘူးဆိုရင် မင်းအခုမှ ပထမဆုံးအကြိမ် အသိအမှတ်ပြုခံရတာလားလို့လေ?

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now