Chapter(2.2)

3.8K 610 16
                                    

Unicode~

Chapter(2.2)

"အဲ့တော့ ကျွန်တော့်ရဲ့အစွမ်းက hostကို ဒီအကြောသေတာကို ပျောက်ကင်းဖို့ အခွင့်အရေးပေးနိုင်တယ်။ ဒါပေမဲ့ hostက ကြိုးစားပြီး ကုသမှုကို ခံယူဖို့ လိုအပ်နေတုန်းပဲ"

ရှောင်ယွီရဲ့မျက်နှာက စိတ်ရှုပ်မှုတွေ ဖုံးသွားတယ်: "တကယ်လို့ hostက နင့်ရဲ့ အစွမ်းကို လက်မခံရင် ဘာဖြစ်မလဲ?"

"သေချာပေါက် မပျောက်ဘူးပေါ့!" 404က အားတက်သရောပြောတယ်၊ "ဒါပေမဲ့ အဲ့ဒါက အရေးမကြီးပါဘူး။ ချစ်လှစွာသော hostလေးရေ၊ ကျွန်တော်တို့ ဒီအစွမ်းကိုသုံးပြီး hostက ပြန်လည်ထူထောင်ရေး ကုသမှုခံယူနေသရွေ့ hostကမကြာခင် သက်သာလာမှာပါ"

ရှောင်ယွီ ဒေါသထွက်လာတယ်: "ငါက ပြန်လည်ထူထောင်ရေးကုသမှုလုပ်ဖို့ ဘယ်ကနေ ပိုက်ဆံရမှာလဲ?ငါက မကြာခင်ပဲ ဆေးရုံကနေ ဆင်းရတော့မှာဆို၊ အကိုကြီးရဲ့!!!!"

အသက်ပြင်းပြင်းတစ်ချက် ရှူပြီး ရှောင်ယွီက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်: "မူလပိုင်ရှင်ရဲ့ဆန္ဒက ကမ္ဘာကျော် စန္ဒယားပညာရှင် ဖြစ်ဖို့မလား?အိုကေ၊ ငါ့ကို စန္ဒယားတီးနိုင်စွမ်းပဲ ပေးတော့"

404: "……"

ရှောင်ယွီ: "???ဘာ​မှား​နေလို့လဲ?"

404: "အာ!အဲ့ဒါက.....ကျွန်တော့်မှာ ထိရင်အကုန်ဖြစ်တဲ့အစွမ်းပဲရှိတာ၊ တစ်ခါပဲထိလို့ရတယ်"

ရှောင်ယွီ: "......."

ရှောင်ယွီရဲ့ အော်သံကို လူနာဆောင်506ရဲ့ အပြင်ဘက်ကနေတောင် ကြားရလောက်တယ်: "အား~~~~ဘုရားရေ၊ ငါ့ကံကြမ္မာက ဘာလို့အဲ့လိုဖြစ်ရတာလဲ၊ ဒါတွေအကုန်လုံးက ဘာတွေလဲ!!!!!"

ရှောင်ရော့ကွမ်း၊ မူလပိုင်ရှင်ရဲ့သား၊ သုံးနှစ်အရွယ်ကောင်လေး၊ ပေါက်စီလေးပါးစပ်ထဲမှာ ကိုက်ထားတဲ့ကလေးက ရှောင်ယွီကို ကြည့်ပြီး တိုးတိုးလေးပြောတယ်။ "မေမေ၊မေမေ?"

"မေမေက၊ မေမေက......သားလေးရယ်!" ရှောင်ယွီက ချုံးပွဲချငိုနေပေမဲ့ သူမစိတ်ထဲကနေ မေးလိုက်တယ်: "ငါ ငါ့သားကို ကမ္ဘာကျော်စန္ဒယားပညာရှင်တစ်ယောက် ဖြစ်အောင် လုပ်ပေးလို့မရဘူးလား? ဒီလိုဆို မူလပိုင်ရှင်ရဲ့ ဆန္ဒလည်း ပြည့်မသွားဘူးလား?"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Kde žijí příběhy. Začni objevovat