Chapter(31)

2.3K 440 37
                                    

Unicode~

Chapter(31) ဒေါသ

ကျီယွီ၏အတန်းပိုင်ဆရာမနာမည်က ယွီချုံးဖြစ်၏။ သူမမှာ ဖက်ရှင်အမြင်ကောင်းရှိတယ်။ ကျောင်းအတွက် သတိထားဝတ်စားဆင်ယင်နေရပေမဲ့လည်း သူမကိုယ်သူမ ဘယ်လိုဝတ်ရမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းကြီးကို သိထားတယ်။

သူမက ရှောင်ယွီ့ကို ကြည့်ပြီး ထူးထူးဆန်းဆန်း မေးလိုက်တယ်: “ဘာလို့ အဲ့လို ပြောရတာလဲရှင်?”

ရှောင်ယွီက ပြုံးလိုက်တယ်: “မေးကြည့်ရုံပါပဲ၊ သမီးက အိမ်ပြန်ရောက်ရင် ကျောင်းကအကြောင်းတွေ ဘယ်တော့မှ မပြောဘူး။သူငယ်ချင်းတွေအကြောင်းလည်း တစ်ခါမှ မပြောဘူးလေ။ အဲ့တော့ ကျွန်မထင်လိုက်တာက ကျွန်မကလေးက…….ကျောင်းမှာ လူကြိုက်မများဘူးများလားလို့?”

အတန်းပိုင်ဆရာမက မျက်မှောင်ကြုတ်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ကျီရွှမ့်ကို ကြည့်လိုက်တယ်။ ရှောင်ယွီက တောင့်တင်းနေတဲ့ကျီရွှမ့်ကို ပြုံးပြလိုက်ပြီးနောက် ပြန်လှည့်ပြီး ယွီချုံးကို ပြောလိုက်တယ်၊ “ဆရာမ၊ စိတ်မပူပါနဲ့။ ကျွန်မကို ပြောလို့ရပါတယ်၊ ကျီယွီ့အမေတစ်ယောက်အနေနဲ့ ဆရာမကို ယုံကြည်ပါတယ်၊ ကျီယွီ့ကို ကူညီလို့ရမယ်ဆိုရင် ဆရာမဘာပြောပြော ကျွန်မတို့က ဆရာမကို ကျေးဇူးတင်ရမှာပါ”

ယွီချုံးက စိတ်အိုက်နေပုံပေါ်ပေမယ့်လည်း ပြောပြလိုက်တယ်၊ “ကျီယွီ့ရဲ့စိတ်နဲ့ဆို သူမက  တခြားကလေးတွေနဲ့ အဆင်ပြေဖို့ မလွယ်ဘူး”

ရှောင်ယွီက ခေါင်းငြိမ့်ပြပြီး တောင်းပန်လိုက်တယ်: “အဲ့ဒါက ကျွန်မအမှားပါ။ တောင်းပန်ပါတယ်၊ သမီးက တကယ်ပဲ ဒေါသကြီးတယ်။ ကျွန်မတို့ သမီးကို ဖြည်းဖြည်းချင်း သင်ပေးသွားပါ့မယ်၊ ဆရာမက သမီးအပေါ် အာရုံပိုစိုက်ပေးမယ်လို့လည်း မျှော်လင့်မိပါတယ်ရှင်”

ဒါကို ကြားပြီးနောက်မှာတော့ ယွီချုံးရဲ့အသားအရည်က ကြည့်ရတာ ပိုကောင်းလာတယ်၊ သူမက ပြောလိုက်တယ်: “ကျွန်မက ကျီယွီ့ကို ဂရုမစိုက်ပေးချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မစ္စတာကျီက သူ့ကလေးကို ဆရာမရီအပေါ် လုံးဝကြီး စိတ်ချလက်ချရှိနေတော့လေ။ တကယ်လို့ ကျွန်မက ကျီယွီ့ကို တစ်ခုခုဆုံးမတယ်ဆိုရင်တောင် သူမက ဆရာမရီကို သွားရှာပြီး ကျွန်မကို တိုင်တယ်၊ အဲ့ခါကျ ဆရာမရီက မစ္စတာကျီကတော့ ကျွန်မနဲ့ပတ်သက်ပြီး စိတ်မကျေမနပ်ဖြစ်နေပြီလို့ ပြောတယ်”

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now