Chapter(13)

3.3K 629 44
                                    

Unicode~

Chapter(13) ပြန်ပေါင်းထုပ်ဖို့ ကြိုးစားနေတာလား?
 
သူတို့အားလုံး ပြန်သွားပြီးနောက်မှာ အန်တီဝမ်ကရှောင်ယွီကို လေ့ကျင့်ခန်းလုပ်ဖို့ ကူညီပေးတယ်။ ထို့နောက် သူမက ကူညီပေးရင်း မေးတယ်။ " ဒါဆို ဒီနေ့က အန်တီအလုပ်လုပ်ရမယ့် နောက်ဆုံးနေ့လား?"

ရှောင်ယွီက သူမ၏ခေါင်းကိုခါပြီး ပြောတယ်။ "ကျွန်မတို့ကို စိတ်ထဲမထည့်ထားပါနဲ့။ အရင်ဆုံး ကျွန်မနှင့် အရင်လိုက်လာခဲ့လိုက်ပါ။ ကျွန်မခန္ဓာကိုယ် အရှင်းသက်သာတဲ့အထိ အန်တီ့အကူအညီကို လိုနေတုန်းလေ"
ရှောင်ယွီက အန်တီဝမ်ကို ပြုံးပြတယ်။ အဲ့ဒီနောက်မှာ အန်တီဝမ်က သူမခန္ဓာကိုယ်ကို အ​ကြောလျှော့ပေးတယ်။ သူမက အပြင်ဘက်ကို
အမူအရာကင်းမဲ့စွာ ကြည့်နေတယ်။

404!နင့်ဂျင်းတွေက တော်တော်များသွားပြီ! ဆရာမရီက စိန်ခေါ်ဖို့ အတော်ခက်​နေပြီ။ သူမက ဒီအသက်ရှင်​နေတဲ့ ကြာပန်းဖြူကို ဘယ်လို ဖယ်ရှားသင့်လဲ?

စန္ဒရား! ဘယ်အချိန်ကျမှ ငါက လှုပ်နိုင်မှာလဲ? တကယ်လို့ ငါက အရည်အချင်းမရှိဘူးဆိုရင်​ရော?အမ်~

ရှောင်ယွီမှာ စိတ်ပူစရာတွေ အရမ်းများနေတယ်။
သူမ အရင်ဆွုံး ကျီအိမ်ကို ဖြေရှင်းရမယ်!

နောက်နေ့မှာ ကျီယွီက ကျီရွှမ်ကို လူနာဆောင်တစ်လျှောက်လုံး ပျော်ရွှင်မြူးတူးစွာဖြင့် ဆွဲခေါ်လာတယ်။ ကျီယွီက ရှောင်ယွီကို ကြည့်ပြီး ပြောတယ်။ "မေမေ ၊ အန်တီပန်က မေမေ့ကို ဆေးရုံကဆင်းဖို့ ကူညီပေးနေတယ်"

ရှောင်ယွီက ခေါင်းညိတ်ပြီး မေးတယ်။ "Missပန်က လက်ထပ်ပြီးပြီလား?"

ကျီယွီက ခေါင်းရမ်းပြပြီး ပြောတယ်။ "လက်မထပ်ရသေးပါဘူး!"

ရှောင်ယွီက ပြောတယ်: "သူမက လက်မထပ်ရသေးဘူးဆိုရင် သမီးက သူမကို အစ်မပန်လို့ ခေါ်သင့်တာပေါ့။ အန်တီပန်လို့ မခေါ်ရဘူးလေ"

ကျီယွီက မျက်မှောင်ကျုံ့ပြီး: "သူမက အသက်သုံး​ဆယ်လောက်ရှိနေပြီ။ ဆရာမရီက ပြောတယ်။ အသက်နှစ်ဆယ်ကျော်ရင် အန်တီဖြစ်သွားပြီတဲ့။ ဟမ့်၊ သမီးက မလိမ်ချင်ပါဘူး!"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Donde viven las historias. Descúbrelo ahora