Chapter(25.5)

2.6K 502 39
                                    

Unicode~

Chapter(25.5)ရန်ဖြစ်ကြတော့မှာလား?

ရီလန်ရာ့က ပြုံး၍ သူမကိုမေးတယ်: “ရှင် ဘာတွေပြောနေတာလဲ? ကျွန်မ နားမလည်ဘူး”

ရှောင်ယွီက ဒေါသမထွက်ခဲ့ဘူး။ သူမက ရီလန်ရာ့ကို ကြည့်လိုက်တယ်၊ သူမရဲ့မျက်လုံးတွေက အနက်ရောင်စပျစ်သီးနှင့်တူပြီး သူမရဲ့ကလေးမျက်နှာလေးက အေးတိအေးစက်နိုင်တယ်: “ရီလန်ရာ့၊ ရှင် ဘာမှသိစရာမလိုဘူး၊ ကျီမိသားစုက ရှင်အိပ်မက်မက်ရတဲ့ မိသားစုမဟုတ်ဘူးဆိုတာပဲ မှတ်ထားလိုက်ပါ”

ရီလန်ရာ့က “အပြစ်ကင်းစင်သည့်”ဟန်ဖြင့် ပြောတယ်: “ရှင် အတွေးမှားနေတာပဲ၊ ဒါပေမဲ့ ရှင်က ကျွန်မကို သတိပေးရအောင် ရှင်ကဘယ်သူမို့လို့လဲ? ရှင်က ဒီမှာနေတဲ့ လူတစ်ယောက်သာသာပဲကို”

“အို့၊ ကျွန်မက သူ့သမီးကို လွန်ခဲ့တဲ့ခြောက်နှစ်က မွေးပေးခဲ့တယ်လေ၊ ပြီးတော့ သူ့သားကိုလည်း သုံးနှစ်လောက်တုန်းက မွေးပေးထားသေးတယ်” ရှောင်ယွီက ခပ်ဖျော့ဖျော့ ပြန်ဖြေပေးလိုက်တယ်။

ရီလန်ရာ့: “…….” ကောင်မစုတ်!!!!

ရှောင်ယွီအိမ်ထဲ ပြန်ဝင်လာချိန်မှာ ကျီရွှမ်က စင်္ကြံမှာ မတ်တပ်ရပ်နေတယ်။ သူက ရှောင်ယွီကို ကြည့်ပြီး မေးတယ်: “မနက်ဖြန်ကျရင် ငါ ကလေးတွေကို အပန်းဖြေကစားကွင်းဆီ ခေါ်သွားမလို့။ မင်းလိုက်ချင်လား?”

ရှောင်ယွီက သူ့ကို ပြုံးပြတယ်: “လိုက်မှာပေါ့၊ ဘာလို့မလိုက်ရမှာလဲ? တကယ်လို့ ကျွန်မ မသွားရင် ရီလန်ရာ့ကို ရှင်နဲ့ သွားခိုင်းရမှာလား?”
ရှောင်ယွီက သူမတို့ပြောနေတာကို သူကြားတယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ သူက ဒီအကြောင်းနှင့် ပတ်သက်ပြီး ဘာမှ မပြောတဲ့အတွက် သူမက ထောက်ပြနေမှာ မဟုတ်ဘူး။

ကျီရွှမ်က သူမရဲ့ဘီးတပ်ကုလားထိုင်ကို တွန်းပြီး ဓာတ်လှေကားဆီခေါ်သွားတယ်။

ရှောင်ယွီက တံခါးမပိတ်ခင်မှာ ကျီရွှမ်က ပြောတယ်၊ “ငါက ရီလန်ရာ့ကို ယွီလေးရဲ့ ဆရာမအနေနဲ့ပဲ မြင်တယ်။ သူ့ကို ဒီမိသားစုထဲ ဝင်ခိုင်းဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး”

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now