Chapter(28)

2.5K 481 24
                                    

Unicode

Chapter(28)မင်းသမီးလေး

"မင်းရဲ့ဘီးတပ်ကုလားထိုင်က လျှပ်စစ်ဘီးတပ်ကုလားထိုင်ကြီးလေ" ကျီရွှမ်က မျက်လုံးမှေးကြည့်ပြီး သူမကို သွယ်ဝိုက်ငြင်းပယ်လိုက်တယ်။

ရှောင်ယွီက သူ့ကို ကြည့်ပြီး မေးလိုက်တယ်၊ "သိတယ်လေ! ရှင်ကရော ကျွန်မနှင့်တူတူ ထိုင်ချင်လို့လား?"

ကျီရွှမ်က ရှောင်ယွီ့ကို ပြုံးပြလိုက်ပြီးနောက် ရှောင်ရော့ကွမ်းကို ဖက်၍ အေးတိအေးစက်ဖြင့် ထွက်သွားတယ်။

ကျီယွီက သူမရဲ့ဘီးတပ်ကုလားထိုင်ပေါ် တက်နှင့်ပြီးလို့ ရှောင်ယွီ့ပေါင်ပေါ်မှာ ထိုင်လိုက်တယ်။ သူမက သူမအမေဘက်ကို လှည့်ပြီး ပြောတယ်၊ "မေမေ၊ မြို့လယ်ခေါင်ကို သွားကြရအောင်၊ အဲ့ဒီမှာ လူတွေအများကြီး အင်္ကျီဝယ်ဖို့ ဈေးဝယ်ထွက်နေကြတာ။ အဲ့ဒီက အင်္ကျီတွေက အရမ်းလှတာပဲ၊ သမီးတို့ အဲ့ဒီမှာ ဈေးဝယ်ထွက်သင့်တယ်!"

ရှောင်ယွီက ခေါင်းညိတ်ပြီး ပျော်ရွင်မြူးတူးစွာဖြင့်ပြောတယ်: "ဝယ်ကြမယ်၊ ဝယ်ကြမယ်၊ အင်္ကျီလေးတွေ သွားဝယ်ကြပါမယ်၊ အင်္ကျီလေးတွေ သွားဝယ်ကြမယ်ဟေ့" သူမက ပျော်နေတယ်! မိန်းမတွေက အင်္ကျီလှလှလေးတွေ အမြဲတမ်းဝယ်သင့်တာပေါ့! ဟဟဟဟ...

အာ....သူမက ဝမ်းသာနေတုန်း ရုတ်တရက် မူလပိုင်ရှင်မှာ သူမလို နူးညံ့လှပတဲ့မျက်နှာလိုမျိုးမဟုတ်ဘဲ ကလေးမျက်နှာမျိုးရှိတာကို သတိရသွားတယ်။ အင်္ကျီအများစုက သူမနှင့် မလိုက်ဖက်ဘူး။

ရှောင်ယွီ: "......"

မြို့လယ်ခေါင်က မြို့ထဲမှာ အချမ်းသာဆုံးဧရိယာပဲ။နောက်ပိုင်း နိုင်ငံက ဖျော်ဖြေပွဲနေရာတွေ၊ စားသောက်ဆိုင်တွေ၊ ရုံးတွေ၊ ဟိုတယ်တွေ၊ လုပ်ငန်းတွေနှင့် လူနေအိုးအိမ်တွေ ပေါင်းစုထားတဲ့ ကုန်တိုက်ကြီးတွေကို နိုင်ငံနှင့်အဝန်းတွင် စတင်ဆောက်လာတယ်။ ဒါက လုပ်ငန်းပုံစံအသစ်ဖြစ်တယ်။ ၎င်းအကြောင်းကြောင့် လူအများအပြားကို ဆွဲဆောင်လိုက်နိုင်ပြီး လူအများစုကို မြို့လယ်ခေါင်ကနေ ခွဲထုတ်လိုက်တယ်။

နောက်ပိုင်းမှာ မြို့လယ်ခေါင်ကို ဖြည်းဖြည်းချင်းပြန်ဆန်းသစ်ခဲ့တယ်။ ရင်ပြင်ကျယ်ကြီးတွေထပ်ပေါင်းပြီး ဆိုင်အဟောင်းတွေကို ပြန်ပြင်ဆင်ကာ အဆောက်အဦးအသစ်တွေ ဆောက်လုပ်ခဲ့တယ်။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Nơi câu chuyện tồn tại. Hãy khám phá bây giờ