Chapter(40)

1.8K 274 17
                                    

Unicode

Chapter(40) ပိုက်ဆံကြိုက်တဲ့သူက ဘယ်သူများပါလိမ့်?

“သွားကြစို့!” ဟု ရှောင်ယွီက ပြောပြီး ဆိုဖာပေါ်က တုတ်ကောက်ကို ယူ၍ အန်တီဝမ်ကို သူမနှင့်အတူ လိုက်ရန် ဆွဲခေါ်သွားတယ်။

ဒီအိမ်မှာ ကားဆရာ နှစ်ယောက်ငှားထားတယ်၊ ပုံမှန်အတိုင်းဆို ကားဆရာတစ်ယောက်က ကျီရွှမ့်အတွက် တာဝန်ယူရပြီး အခြားတစ်ယောက်က ကျီယွီအတွက် တာဝန်ယူရသည်။ ဒါပေမဲ့ ခုတလော ကျီရွှမ် ကိုယ်တိုင် ကလေးနှစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျလိုက်ပို့နေတဲ့အတွက် ရှောင်ယွီတစ်ယောက် အငှားကားစီးစရာ မလိုတော့ပေ။

ကားဆရာ၏မျိုးရိုးနာမည်က လင်း၊ အသက်လေးဆယ်အရွယ်ဦးလေးကြီးတစ်ဦးပါ။ နောက်ကားဆရာတစ်ယောက်က ရွှီမျိုးနွယ်ဖြစ်ပြီး အမည်ကတော့ ရွှီဟောင်ထျန်း။ သူက တက္ကသိုလ်တက်နေတုန်းပဲရှိသေးတယ်၊ ဟုတ်တာပေါ့၊ သူက တက္ကသိုလ်တက်နေတုန်းပါဆို။

ကျီယွီ မူကြိုတက်တော့မယ့်အချိန်မှာ ကျီရွှမ်က အသက်ကြီးပြီး အတွေ့အကြုံရှိတဲ့ ကားဆရာကို ကျီယွီအတွက် စီစဉ်ထားပေးပြီးသားပါ။

ဒါပေမဲ့ ကျီယွီက ဦးလေးကြီးကို ကားဆရာအဖြစ် မလိုချင်ဘူး။ သူမက အင်တာဗျူးခေါ်ဖို့ တောင်းဆိုခဲ့တယ်။ လူအုပ်လိုက်ကြီး အင်တာဗျူးလာဖြေခဲ့ကြတယ်၊ လူပေါင်းစုံလာခဲ့ကြတယ်၊ အငှားကားလောကက ကားဆရာတွေ၊ ဘဝမှာ အဆင်မပြေကြတဲ့လူတွေ၊ အလုပ်မရသေးတဲ့ လူတွေအစုံပါပဲ၊ အင်တာဗျူးက အလွှာအစုံလူတွေနှင့် ပြန့်ကျဲနေပါတော့တယ်။ အင်တာဗျူးအတွက် ကျီရွှမ်နှင့် ကျီယွီက လူတွေ့စစ်ဆေးတယ်၊ ကျီယွီရဲ့မူက အရမ်းရိုးရှင်းပါတယ်၊ “သူမနားမှာ ကားမောင်းတဲ့သူက သူမ သဘောကျတဲ့သူဖြစ်ရမယ်!”

ကျီရွှမ်က ဒါနဲ့ပတ်သက်ပြီး ထင်မြင်ချက်မရှိပါဘူး၊ ကျီယွီက ကျီရွှမ်နောက်က လိုက်သွားပြီး ရုံးခန်းစားပွဲအနောက်မှာ ထိုင်လိုက်တယ်၊ ချစ်စရာကောင်းတဲ့ရုပ်လေးနှင့် တည်ငြိမ်ရင်ကျက်သူယောင်ဆောင်နေခဲ့တယ်။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Où les histoires vivent. Découvrez maintenant