Chapter(26)

2.8K 516 49
                                    

Unicode

Chapter(26)အနိုင်ကျင့်ခြင်း

ကောင်လေးက ကျီရွှမ့်ကို မော့ကြည့်ပြီး အတင်းပြုံးပြတယ်: “နားလည်မှုလွဲတာပါ။ ကျွန်တော်က မရီးကို ဘယ်လိုလုပ် ရိုက်နိုင်ပါ့မလဲ?”

ကျီရွှမ်က မျက်မှောင်ကျုံ့လိုက်တယ်: “ဘယ်သူက မင်းမရီးလဲ? မင်းက ဘယ်သူလဲ?”

ကောင်လေးက မျက်ရည်ကျတော့မည့်ဆဲဆဲဖြင့် ပြန်ဖြေတယ်၊ “ကျွန်တော်၊ ကျွန်တော်က၊ ကျွန်တော့်နာမည်က တုယွဲ့ပါ၊…..ဟဲလို!”

ကျီရွှမ်က မျက်မှောင်ဆက်ကျုံ့ကာ သူ့ကို စိုက်ကြည့်ပြီး မေးတယ်၊ “ငါ့ဇနီးသည်ကို ပြောစရာဘာရှိသေးလဲ?”

“မရှိပါဘူး၊ မရှိပါဘူး။ အစ်ကို၊ ကျွန်တော်က ဒီတိုင်း ဖြတ်သွားရုံလေးတင်ပါ” တုယွဲ့က ငိုမိတော့မလိုပဲ၊ ကျီရွှမ်က 190စင်တီမီတာလောက် ရှည်တယ်၊ သူ့မျက်နှာက ခပ်တည်တည်ဖြစ်နေတဲ့အချိန်ဆိုရင် ကြောက်စရာအရှိန်အဝါတွေ ထုတ်လွှင့်နေတယ်။

တုယွဲ့က ခါးသက်သက် ရယ်နေတယ်၊ သူ့နောက်က ရှဲ့ဟိုင်ယွမ်က ဆူပူနေတယ်: “အသုံးမကျတဲ့ကောင်၊ သူတို့က မှားတာလေ၊ ဘာလို့ အရမ်းတွေကြောက်နေတာတုန်း!”

ရှဲ့ဟိုင်ယွမ်က သူမရဲ့သွေးထွက်နေတဲ့လက်တွေကို ကျီရွှမ်ကို ဆန့်ထုတ်ပြရင်း ပြောတယ်: “ရှင့်သမီးက ကျွန်မကို တွန်းလိုက်တာလေ၊ ရှင့်ဘာသာ ကြည့်ကြည့်ပါဦး၊ ကျွန်မက အသက်မွေးဝမ်းကြောင်းအတွက် ဘာလုပ်တာလဲဆိုတာ ရှင်သိလား?

ကျီရွှမ်က မျက်မှောင်ကျုံ့ကာ သူမရဲ့လက်တွေကို ကြည့်လိုက်ပြီးနောက် အေးတိ အေးစက်ပြန်ဖြေလိုက်တယ်: “ငါ့သမီးက အကြောင်းပြချက်မရှိဘဲ လူတွေကို ကြုံသလို လိုက်မတွန်းဘူး”

ကျီယွီက သူမအဖေကို မြင်တော့ ရုတ်တရက် ပိုသတ္တိရှိလာသလို ခံစားလိုက်ရတယ်၊ အဲ့ဒါအပြင် သူမက အစကတည်းက ကြောက်မနေဘူးလေ။ သူမက ခုန်ပေါက်ပြီး အော်ပြောတယ်၊ “ဖေဖေ၊ ဖေဖေ! သူမက မေမေ့ကို ဆိုပြောနေတာ”

“အို့~?” ကျီရွှမ်က ရှဲ့ဟိုင်ယွမ်ကို လှည့်ကြည့်လိုက်တယ်။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Où les histoires vivent. Découvrez maintenant