Chapter(24)

3.5K 615 68
                                    

Unicode~

(T.N: ကိုယ် ရှေ့အပိုင်းမှာတုန်းက သေချာမရေးလိုက်ရလို့ပါ၊ ကျီရွှမ့်ကို ရှောင်ယွီက ကလေးတွေကို ခေါ်ပြီး အပေါ်တက်ခိုင်းလိုက်တာပါ၊ အဲ့ဒါကြောင့်သာ ရီလန်ရာ့ကို ရှောင်ယွီက ပြန်လက်ထပ်ဖြစ်ရင်ဘာညာဆိုပြီး ရဲရဲကြီး ရွှီးရဲတာ)
***

Chapter(24) သမီး ပိုက်ဆံတွေကိုဖြုန်းနေတာလား?

ရီလန်ရာ့က စိတ်မပါဘဲပြုံး၍ ပြောတယ်၊ " ရှင်နှင့် မစ္စတာကျီမှာ ဒီလောက်ကောင်းတဲ့ဆက်ဆံရေးရှိမှန်း ကျွန်မ မသိခဲ့ဘူး"

ရှောင်ယွီက ချက်ချင်းပင် အံ့အားသင့်သည့်ပုံဖြင့် ပြောတယ်: "ဆရာမ မသိဘူးလား? ကျီရွှမ်က အပြင်မှာကျ သီးသန့်နေတတ်လို့ ဖြစ်ပါလိမ့်မယ်၊ သူက တကယ်တမ်း အိမ်မှာကျ အရမ်းတက်ကြွတာ"

ရီလန်ရာ့: "......"

ရှောင်ယွီက သူမမျက်နှာကို ရှက်ရွံ့စွာဖြင့် ကာလိုက်တယ်: "ဥပမာပြောရရင် သူက ကျွန်မခါးသေးသေးလေးကို သူ့လက်မောင်းတွေနှင့် ပွေ့ပြီး အနောက်ကနေဖက်ထားရတာကို ကြိုက်တယ်"

ရီလန်ရာ့က နောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်ရန် အချက်တစ်ချက် ရသွားပြီး ပြောလိုက်တယ်: "သူက ရှင့်ကို ဒူးထောက်ရင်း ဖက်တာလား?"

ရှောင်ယွီ: "......ကျွန်မက အရင်တုန်းက အကြောင်းပြောနေတာပါ"
သေစမ်း၊ အလိမ်ပေါ်တော့မလို့။

"ဆရာမ၊ ခြေထောက်လေး ကြွပေးပါဦး" ခုန်းယွီချင်းက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ဖန်ကွဲစများကို သန့်ရှင်းရန် အမှိုက်တောင်းယူလာပြီး သန့်ရှင်းရေးလုပ်နေစဉ်တွင် စကားပြောလာတယ်: "ဆရာမ၊အပြစ်ရှိသလို ခံစားမနေပါနဲ့၊ ဒါက ရေခွက်လေးတစ်လုံးပါပဲ၊ ကျွန်မတို့ ထပ်ဝယ်လို့ရပါတယ်"

ရီလန်ရာ့: "......."
သူမက အပြစ်ရှိတယ်လို့ ခံစားမနေပါဘူး၊ ဒါက ရေခွက်အကွဲလေး တစ်ခုပဲဟာကို.....

"အင်း၊ ဒါက သူဌေးကြိုက်တဲ့ဟာလေ။ မဟုတ်ရင် ဘယ်သူက ဖန်ခွက်လေးတစ်လုံးကို ငါးထောင် ခြောက်ထောင်လောက် ပေးဝယ်နေမှာလဲ! ဆရာမလည်း ဒီလိုပဲ ထင်တယ်မလား?" ခုန်းယွီချင်းက ထူးမခြားနားသည့်ပုံဖြင့် ပြော၍ အမှိုက်များကို ခေါင်းငုံ့ပြီး ရှင်းတယ်။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now