Chapter(25.1)

2.9K 540 39
                                    

Unicode

Chapter(25.1)ရန်ဖြစ်ကြတော့မှာလား?

ကျီရွှမ်၏ဒေါသက ကျီယွီ့ငိုသံကြောင့် ပယ်ပျောက်သွားတယ်။ ရှောင်ယွီ့ပေါ်မှာထိုင်နေသည့် ကျီယွီက ပြောတယ်: “မေ…..မေမေ၊ ပိုက်ဆံမရှိတာကောင်းတယ်၊အစားကောင်းစားရဖို့ ပိုက်ဆံမလိုဘူး”

ရှောင်ယွီ: “…….” ရှောင်ယွီက ဘယ်လိုဆက်ပြောရမလဲတောင် မသိတော့ဘူး။ သူမအစတုန်းက ပြောဖို့ကြိုးစားနေတာက ဘာပါလိမ့်?

“မမ၊ ပေါက်ဆီက အရသာရှိတယ်” သူက ကျီရွှမ်ပေးထားသည့်ကဒ်ကို သူ့အိပ်ကပ်ထဲကနေထုတ်ပြီး ပြောတယ် “မနက်ဖြန်ကျ သားတို့ကို ကားမောင်းပြီး ပေါက်ဆီသွားဝယ်ပေးဖို့ ဦးလေးလင်းကို ပြောရမယ်”

ကျီယွီက စိတ်တည်ငြိမ်လာပြီး ရှိုက်သံလေးနှင့် ပြောတယ် “အိုခေ၊ ကျေး….ကျေးဇူးပါ၊ မောင်လေး”

ထို့နောက် ရှောင်ရော့ကွမ်းက ဆက်ပြောတယ်: “ နေ့တိုင်း ညစာစားပြီးရင် သားနဲ့မေမေကလမ်းတူတူထွက်လျှောက်ကြတာ”

ကျီယွီက ဒါကိုကြားချိန်မှာတော့ ဒေါသတကြီးဖြင့်ခြေကိုဆောင့်ပြီး ပြောတယ်: “ဖေဖေက သမီးနဲ့ ဘယ်တုန်းကမှ လမ်းလျှောက်ထွက်ဘူး”

ကျီရွှမ်က မတရားစွပ်စွဲခံရသလို ပြောတယ်: “အရင်က တစ်ခါမှ လမ်းမလျှောက်ပေးတာတော့ မဟုတ်ပါဘူး!”

ကျီယွီက ကျီရွှမ်ကို လက်ညှိုးထိုးပြီး ပြောတယ် “ခဏလေးပဲလား?”

ရှောင်ယွီက ခပ်မြန်မြန် စကားဆက်ပြောလိုက်တယ်: “အမ်…..မေမေက ရှောင်ကွမ်းနဲ့ နောက်နေ့အတွက် ပေါက်ဆီသွားဝယ်တာလေ။ ညနေပိုင်းကျ ပေါက်ဆီက စျေးတစ်ဝက်လောက်သက်သာသွားလို့။ လမ်းလျှောက်တာရယ်လဲ မဟုတ်ပါဘူး။ ပေါက်ဆီတွေကလဲ အဲ့လောက်လဲအရသာမရှိပါဘူး။ မေမေတို့က ပိုက်ဆံမရှိဘူးလေ၊ ဒါကြောင့် ပေါက်ဆီစားတာ”

ကျီယွီက အံ့ဩတကြီး မေးတယ် “ဒါဆို၊ ပိုက်ဆံရှိရင် ဘာစားကြလဲဟင်?”

ရှောင်ရော့ကွမ်းက အမြန်အော်ပြောတယ်: “အသားပေါက်ဆီတို့၊ ရေညှိပေါက်ဆီတို့၊ အသားပေါင်းတို့၊ ပေါက်ဆီလုံးလေးတွေ စားတာပေါ့”

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now