I want to live but I don't know if I have the courage to face another days.
Nine Mann-နိုင်းမာန်(အသက်၂၂နှစ်)
ဒီနေ့ရဲ့ညအမှောင်ကအရင်နေ့တွေထက်ပိုပြီးတော့မှောင်မိုက်နေခဲ့သည်။ ဘေးပတ်ပတ်လည်တစ်လျှောက်မှာလည်းအမှောင်တွေကဖုံးလွှမ်းကြီးစိုးနေခဲ့သည်။ သူ့ရဲ့အိမ်အပြန်လမ်းကဒီလောက်ထိမှောင်မိုက်မနေတာကိုသူသိတာကြောင့်သေချာတာတစ်ခုကတော့ဒီနေရာကသူသိနေတဲ့နေရာတစ်ခုဟုတ်မနေခဲ့ဘူး။ ဒါဆိုရင်သူအခုဘယ်တွေရောက်နေတယ်ဆိုတာကိုသူ့ကိုယ်သူတောင်ကောင်းကောင်းမသိနိုင်တဲ့အခြေအနေတစ်ခုမှာရှိနေခဲ့သည်။ သူ့ဆီမှာဘာကိစ္စတွေဖြစ်ပျက်နေလဲဆိုတာကိုသိရဖို့အတွက်မှောင်မိုက်မှုတွေကိုဖြိုခွင်းဖို့လေးလံနေတဲ့မျက်လုံးနှစ်ဖက်ကိုအားယူပြီးအသာအယာဖွင့်ကြည့်လိုက်တော့လူနှစ်ယောက်ကသူ့ရှေ့မှာရှိနေတာကိုမြင်တွေ့လိုက်ရသည်။ သူ့မျက်လုံးနှင့်အတည်ပြုမြင်လိုက်ရတဲ့သူနှစ်ယောက်ကြောင့်သူ့ကိုယ်သူစိတ်ချသွားသည်။ ခုနတုန်းကသူမြင်ယောင်လိုက်တဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်ကအိမ်မက်ဆိုးတစ်ခုမက်နေခဲ့တာပဲနေမှာပါလို့တွေးပြီးမျက်လုံးပြန်မှိတ်လိုက်မလို့လုပ်ပေမယ့်သူ့ဆီကိုခေါ်သံတစ်စွန်းတစ်စကမသဲမကွဲရောက်လာခဲ့သည်။ ခေါ်သံရဲ့လားရာကိုသိရဖို့သူလိုက်ရှာနေခဲ့မိသည်။
"သား"
ခေါ်သံကိုတုံ့ပြန်ဖို့မျက်လုံးပြန်ဖွင့်ကြည့်တော့မရင်းနှီးတဲ့နောက်ထပ်တစ်နေရာကိုထပ်ရောက်သွားသလိုခံစားလိုက်ရသည်။ သူ့ကိုဘယ်သူခေါ်နေလဲဆိုတာကိုသူရှာကြည့်သည်။ သူအခုဘယ်နေရာကိုရောက်နေလဲလို့စူးစမ်းကြည့်သည်။ ဒီအချိန်မှာသူတစ်ယောက်ထဲပြာယာခတ်လို့နေသည်။
"သား..အမေတို့ဒီမှာ"
ဒီတစ်ခါအသံကိုတော့သူကောင်းကောင်းကြားလိုက်ရသည်။ သူဘာလို့တခဏအတွင်းမှာတစ်ခြားနေရာတစ်ခုကိုထပ်ရောက်သွားပါလိမ့်လို့ထူးဆန်းတဲ့အတွေးတွေဝင်လာသည်။ ဒါမှမဟုတ်သူအခုအိမ်မက်မက်နေတာများလား။
"အမေလား..? အမေ..သားအခုဘယ်ရောက်နေတာလဲ"
သူစကားပြန်ပြောနေပေမယ့်လို့အမေဖြစ်သူကိုအခုထိမတွေ့ရသေးဘူး။ ဒါကြောင့်မို့သူ့စိတ်တွေပိုမိုလေးလံလို့နေသည်။
![](https://img.wattpad.com/cover/286276174-288-k477947.jpg)
YOU ARE READING
Summertimes Sunset Dreaming 💙 [COMPLETED]
Romance"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)