~I want to know everything about you, if only you could tell me~
နေ့လည်ရောက်တော့နေ့လည်စာစားဖို့နိုင်းမာန်အဝတ်အစားလဲပြီးတာနဲ့ကလေးရှိတဲ့အခန်းကိုဦးတည်လိုက်သည်။ တံခါးခေါက်ကြည့်တော့ဘာသံမှပြန်မကြားရတာကြောင့်အိပ်နေတာများလားလို့ထင်မိသည်။ ဒီတိုင်းမနှိုးဘဲအိပ်ခိုင်းလိုက်ရမလား။ ဒါမှမဟုတ်စိတ်ထဲနေလို့လန်းသွားအောင်အပြင်ထွက်ဖို့ခေါ်ရမလားဝေခွဲရခက်နေသည်။ နောက်ဆုံးတော့လည်းမခေါ်တော့ဘဲအေးဆေးနားဖို့လွှတ်ထားလိုက်သည်။
အမြွှာတို့တွေသူ့သူငယ်ချင်းတွေတော့သူတို့နှစ်ယောက်ကိုထားခဲ့ပြီးထွက်လည်နေကြသည်။ ဒါကြောင့်နိုင်းမာန်တစ်ယောက်တည်းနေရတာပျင်းလာသည်။ ကလေးနိုးလာရင်တော့သူကလေးကိုခေါ်ပြီးထွက်လည်မယ်လို့စိတ်ထဲတွေးလိုက်သည်။ နေ့လယ်စာစားချိန်ထိတော့ဘယ်သူမှမရှိဘူး။ နိုင်းမာန်နေ့လယ်စာတစ်ယောက်တည်းစားရမယ်နဲ့တူသည်။
သူတစ်ယောက်စားတာကတော့မခက်ပါဘူး။ ဒါပေမယ့်ကလေးကအိပ်လှချည်လားလို့စိုးရိမ်လာသည်။ ဒါကြောင့်နောက်တစ်ခေါက်ထပ်ခေါ်ကြည့်ဖို့ရောက်လာခဲ့ပြန်သည်။ ဒီတစ်ခါသူတံခါးခေါက်ကြည့်တော့ကလေးကသူ့ကိုတံခါးဖွင့်ပေးလာသည်။
"ကိုယ်နေ့လယ်စာစားဖို့လာခေါ်တာ။ အချိန်ကတစ်နာရီတောင်ထိုးတော့မယ်။ ကလေးဗိုက်မဆာဘူးလား"
"ကျွန်တော်ဆင်းလာတော့မလို့ပဲ"
"တူတူစားရအောင်။ ကိုယ်တို့နှစ်ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေကအပြင်ရောက်နေပြီ"
"ဟုတ်"
ကလေးကအိပ်ချင်မူးတူးပုံစံလေးတော့ဖြစ်မနေပေမယ့်အခုမှအိပ်ရာကထလာတာတော့သိသာသည်။ ကလေးကသူ့ပုံစံကိုမှန်ထဲပြန်မကြည့်ထားတာကလည်းသိသာသည်။ နိုင်းမာန်ကရှုပ်ပွနေသယောင်ရှိတဲ့ကလေးရဲ့ဆံပင်ကိုသပ်သပ်ရပ်ရပ်ရှိအောင်ပြင်ပေးရင်းကလေးကိုကိုင်တွယ်ထိတွေ့ရတာသိပ်သဘောကျသွားသည်။ သူလုပ်နေတဲ့အပြုအမူအပေါ်မှာကလေးကငြိမ်ငြိမ်လေးပဲလက်ခံနေခဲ့သည်။
"ကလေးရဲ့ဆံပင်ကတစ်ကယ့်ကလေးဆံပင်အတိုင်းပဲ။ နူးညံ့ပြီးပျော့ပြောင်းနေတာပဲ။ ကိုယ့်ဆံပင်ဆိုကြမ်းထော်နေတာပဲ"
ESTÁS LEYENDO
Summertimes Sunset Dreaming 💙 [COMPLETED]
Romance"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)