22~Do you like him?~

514 32 0
                                    

~All of his care feel the first time for me~

နိုင်းမာန်ရဲ့နားထောင်မကောင်းလှတဲ့အတိတ်ပုံပြင်ကိုမြူမိုင်းက​တော့စိတ်ဝင်တစားနားထောင်နေသည်။ သူ့ရဲ့အတိတ်အကြောင်းအားလုံးကိုလူတစ်ယောက်ဆီမှာရင်ဖွင့်ဖူးတာနိုင်းမာန်ရဲ့ပထမဦးဆုံးအကြိမ်ဖြစ်သည်။

"ကိုယ့်ကြောင့်အိပ်ငိုက်သွားပြီလား"

"ဟင့်အင်း"

"ကိုယ့်ရဲ့အတိတ်ကမလှပဘူးနော်"

"အတိတ်တိုင်းကမလှပ​ကြတာပဲမို့တစ်ယောက်ထဲခံစားနေရတယ်လို့မတွေးပါနဲ့။ လူတိုင်းမှာကမေ့ပျောက်ချင်တဲ့အတိတ်ဆိုးတွေကအနည်းနဲ့အများတော့ရှိကြမှာပဲ။ အတိတ်ပဲမို့နိုင်းအများကြီးမစဥ်းစားပါနဲ့"

"ကလေးကကိုယ့်ထက်တောင်လူကြီးဆန်နေတာပဲ။ ကိုယ်ကလေးစကားနားထောင်ပါ့မယ်ဗျာ။ ဟုတ်ပြီလား"

"အဲ့လိုရည်ရွယ်လိုက်တာမဟုတ်ပါဘူး။ ကျွန်တော်တွေးမိသွားလို့ပြောလိုက်တာပါ"

"ကလေးရောကိုယ့်ကိုရင်ဖွင့်ချင်တာရှိရင်ပြောလေ။ ကိုယ်နားထောင်ပေးမယ်"

"ကျွန်တော်ကအတိတ်ကိုမဖက်တွယ်ထားချင်ဘူး။ အဲ့ဒီအပေါ်ခံစားချက်မထားတော့လို့မေ့ထားလိုက်တာကြာခဲ့ပြီ။ ဘာကိုမှအမှတ်တရမရှိတဲ့ကျွန်တော့်ရဲ့အတိတ်ကပြန်တူးဖော်ပြောပြစရာတောင်မရှိဘူး။ ကျွန်တော့အတွက်ကလက်ရှိပဲအရေးကြီးတယ်"

သူ့ကိုမပြောပြချင်မှန်းနိုင်းမာန်သိသည်။ မပြောပြချင်လောက်အောင်အကြောင်းအရာကနက်နဲမယ်ဆိုတာကိုလည်းသိသည်။ သူစောင့်နိုင်သည်။ ကလေးကအရာရာအတွက်သူ့ကိုယုံကြည်ပြီးရင်ဖွင့်လာမယ့်အချိန်ထိနိုင်းမာန်စိတ်ရှည်ရှည်နဲ့စောင့်နိုင်သည်။

"ကိုယ်နားလည်တယ်။ ကလေးစိတ်ထဲကအတိုင်းပဲလုပ်။ ကိုယ့်ရှေ့မှာဆိုပြီးဘာကိုမှအတင်းအကျပ်လုပ်ယူစရာမလိုဘူး"

"တစ်ခုတော့လုပ်ခဲ့တယ်"

နိုင်းမာန်ကကလေးစကားတစ်ခွန်းကြောင့်ထိတ်လန့်သွားခဲ့သည်။ ကလေးကိုဘာတွေများသူစိတ်ကတောင်မသိလိုက်ဘဲတွန်းအားပေးသလိုဖြစ်သွားတာလဲပေါ့။

Summertimes Sunset Dreaming 💙 [COMPLETED]Waar verhalen tot leven komen. Ontdek het nu