17~Like brother, like father~

540 33 0
                                    

~People's minds change every second and minute, so don't compare yourself with yesterday. It's definitely changing~

ရင်ခွင်သူ့ကိုဖွင့်ပြောခဲ့တာကိုနိုင်းကိုသူမလိမ်ချင်တာကြောင့်အမှန်အတိုင်းပြောလိုက်​ပေမယ့်လည်းနိုင်းနဲ့သူတို့နှစ်ယောက်ကြားကတင်းမာမှုကပြေလျော့မသွားတဲ့အပြင်နိုင်းရဲ့အမူအရာကသူထင်တာထက်တောင်ပို​ပြီးခက်ထန်လာသည်။

နိုင်းမာန်စိတ်မကြည်ရတဲ့အကြောင်းအရင်းကသူအဲဒီကောင်လေးကိုကလေးနဲ့ဝေးဝေးနေလို့အတန်တန်သတိပေးထားခဲ့တာတောင်မှသူ့စကားကိုဂရုမစိုက်ဘဲဒီလိုကိစ္စတွေဖြစ်လာလို့နိုင်းမာန်တစ်ကယ်ဒေါသထွက်နေတာ​ဖြစ်သည်။ သူ့ဒေါသပိုလာရတဲ့အဓိကအကြောင်းအရာကတော့ကလေးကသူ့ကိုမပြောပြဘဲအခုချိန်ထိလျှို့ဝှက်ထားတာကြောင့်ဖြစ်သည်။

"သူ့ကိုအဖြေပြန်ပေးမယ်လို့ပြောထားတာလား"

"ကျွန်တော်ဒီကိစ္စတွေကိုစိတ်မဝင်စားဘူး"

က​လေးဆီကအခုလိုစကားကြားရတော့လည်းနိုင်းမာန်စိတ်ထဲဒေါသတွေအနည်းငယ်ပြေလျော့လာသည်။

"သူကကလေးကိုနှောင့်ယှက်နေတုန်းပဲလို့ကိုယ်မြင်တယ်။ အဆင်ပြေလား"

"ကျွန်တော်ဂရုမစိုက်ဘူး။ သူတစ်နေ့လက်လျှော့သွားလိမ့်မယ်"

ကောင်လေးကဒီနေ့လိုပဲကလေးကိုနောက်ပိုင်းတွေမှာနှောင့်ယှက်လာရင်ကလေးကိုကာကွယ်ဖို့သူ့မှာတာဝန်အ​ပြည့်ရှိသည်။ သူကအခုအချိန်မှာကလေးရဲ့အုပ်ထိန်းသူလို့ပြောလို့ရတာကြောင့်စာမေးပွဲနေ့အတောအတွင်းမှာတော့ကလေးကိုနိုင်းမာန်နေ့တိုင်းအကြိုအပို့လုပ်တော့သည်။ သူ့မှာလည်းအဖေတစ်ယောက်လိုမျိုးစာမေးပွဲသွားဖြေတဲ့ကလေးတစ်ယောက်ကိုလိုက်​ပြီးဂရုစိုက်တဲ့ပုံစံလိုဖြစ်နေသည်။

စာမေးပွဲနောက်ဆုံးရက်ကိုရောက်လာ​တော့လည်းအရင်နေ့ကလိုမျိုးနိုင်းကသူ့ကိုလိုက်ပို့ပေးသည်။ ​မြူမိုင်းအရင်​နေ့ကအတိုင်းပဲကားပေါ်မှာစာကြည့်နေပြီးခေါင်းလောင်းတီးတာနဲ့စာမေးပွဲခန်းထဲဝင်သွားခဲ့သည်။ နောက်ထပ်အချိန်တစ်ဝက်ကျိုးခေါင်းလောင်းတီးတာနဲ့စောင့်နေတဲ့သူရှိတယ်ဆိုတဲ့အသိကြောင့်မြူမိုင်းခပ်မြန်မြန်ဆန်ဆန်ထွက်လာခဲ့သည်။

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now