~As long as I can be with you, I'm willing to give up everything~
ဒီနေ့ကျောင်းကအပြန်ကိုရင်ခွင်ကသူ့အိမ်ရှေ့နားလောက်ထိရောက်အောင်ပို့ပေးသွားခဲ့သည်။ မြူမိုင်းလည်းပုံမှန်လည်ပတ်နေခဲ့တဲ့အတိုင်းရေမိုးချိုးပြင်ဆင်ပြီးဆိုင်ကိုကူဖို့ထွက်ခဲ့သည်။ ဆိုင်ကိုသူရောက်လာတာကစောသေးတာကြောင့်မနွယ်တို့ရောက်မလာသေးဘူး။ ကိုအားအင်နဲ့မဇွန်ပန်းတို့ကတော့သူတို့အလုပ်ချိန်ပြီးလို့ပြန်သွားခဲ့ပြီ။ ဆိုင်မှာသူနဲ့နိုင်းနှစ်ယောက်တည်းပဲရှိနေသည်။
"ရောက်ပြီလား"
"ဟုတ်"
နိုင်းကသူနဲ့စကားပြောရင်အမြဲပဲအမူအရာပါတတ်သည်။ သူ့ခေါင်းကိုဖွဖွလေးပွတ်သပ်ပြီးစကားပြောတာကနိုင်းရဲ့အပြုအမူထဲကတစ်ခုဖြစ်နေသည်။
"ကျွန်တော်ဘာကူပေးရမလဲ"
"ရေခဲသေတ္တာထဲကပုလင်းတွေလျှော့နေလို့ကိုယ့်ကိုထပ်ဖြည့်ထားပေး"
"ဟုတ်"
နိုင်းကသူ့အကြောင်းတောင်အများကြီးမေးမလာတော့ဘူး။ အရင်တုန်းကဆိုသူကျောင်းကပြန်လာရင်နိုင်းကကျောင်းမှာဘာကိစ္စတွေဖြစ်ခဲ့လို့စုံစိနေအောင်မေးနေခဲ့ဖူးသည်။ နိုင်းကစကားမစရင်သူ့အကျင့်အရမြူမိုင်းစကားအများကြီးမပြောတတ်တာမို့ခိုင်းတဲ့အလုပ်ကိုပဲတစိုက်မတ်မတ်လုပ်သည်။ သူတို့ပြင်ဆင်နေကြတုန်းမှာပဲမနွယ်ကအရင်ရောက်လာသည်။
"စိုင်းရော"
"ငါဘယ်သိမလဲ"
"နင်နဲ့တူတူမလာဘူးလား"
"သူနည်းနည်းနောက်ကျမယ်ပဲပြောတယ်"
စိုင်းကအမြဲနွယ်နဲ့တူတူလာလေ့ရှိတော့နိုင်းမာန်မေးကြည့်လိုက်သည်။ စိုင်းမရောက်ခင်အထိတော့သူတို့သုံးယောက်တော်တော်အလုပ်များမယ်နဲ့တူသည်။
"မာန်"
"အင်း"
"ငါ့ကိုသဇင်ဖုန်းဆက်တယ်"
"အင်း"
"နင်တစ်အင်းအင်းလုပ်မနေနဲ့"
"ငါဘာပြောရမှာလဲ"
ESTÁS LEYENDO
Summertimes Sunset Dreaming 💙 [COMPLETED]
Romance"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)