19~In the next life~

529 35 0
                                    

~Mom's really sorry, baby. Please be reborn as my son in the next life, Mom will love you more~

ရှင်းခန့်ဒီနေ့လည်းဂေဟာကိုနောက်တစ်ခေါက်ထပ်ရောက်လာပြန်သည်။ နှစ်ရက်လောက်အကြာမှပြန်လာတာကြောင့်ဟိုဘက်ကအကြောင်းတစ်ခုခုတော့ပြန်လောက်ပြီထင်​ပြီးရောက်လာခဲ့တာဖြစ်သည်။

"ဟိုဘက်ကတွေ့ဖို့သဘောတူတယ်။ ဒီမှာလိပ်စာ"

"ဘယ်လိုဖြစ်ပြီးတော့လဲ။ ဟို..ကျွန်တော်မယုံနိုင်လို့မေးကြည့်တာမို့တမျိုးမထင်ပါနဲ့။ လက်ခံ​လိမ့်မယ်လို့မထင်ခဲ့တာကြောင့်နည်းနည်းအံ့သြသွားလို့ပါ"

"ကျွန်မဆက်သွယ်ကြည့်လိုက်တော့လက်ခံလိုက်တဲ့သူကသူ့မိန်းမဖြစ်သူထင်တယ်။ ဒေါက်တာကတော့ကံကောင်းတယ်လို့ပြောရမှာပေါ့။ တော်တော်များများကအဲ့လိုဆက်သွယ်တာကိုလက်မခံတာပဲများတယ်"

"ကျေးဇူးတင်ပါတယ်ဆရာမရယ်။ ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"

လိပ်စာအတိုင်းရှင်းခန့်ထွက်လာလိုက်တော့ကားကိုနှစ်နာရီနီးပါးစာလောက်မောင်းလိုက်ရသည်။ ဒီလိုနေရာကတော့သာမာန်လူတွေနေတဲ့နေရာထက်ကိုသပ်ရပ်ပြီးတိတ်ဆိတ်သည်။ ပတ်ဝန်းကျင်တစ်​လျှောက်လုံးကအိမ်ကြီးခြံကြီးတွေနဲ့ဖြစ်သည်။ လိပ်စာအတိုင်းသူရှာကြည့်တော့​တွေ့လိုက်ရတဲ့အိမ်က​ကြီးမားတဲ့ခြံဝန်း​တွေနဲ့အတူခန့်ထည်လို့နေသည်။ ထို့ကြောင့် လိပ်စာကိုနှစ်ခေါက်ပြန်စစ်ပြီးသေချာတော့မှရှင်းခန့်ဘဲလ်တီးလိုက်တော့သည်။ ထွက်လာတဲ့သူကအိမ်ကအလုပ်လုပ်တဲ့သူဖြစ်ပုံရသည်။

"ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး"

သူတစ်ခုလိုအပ်သွားတာကိုသတိရလိုက်သည်။ သူကဒီဘက်ကသူတွေရဲ့သတင်းအချက်ကိုဘာတစ်ခုမှမသိတာကြောင့်ဘယ်လိုပြောပြီးအိမ်ထဲဝင်ရမှန်းမသိဘူး။

"မြူမိုင်းဆိုတဲ့တစ်ယောက်အကြောင်းသိချင်လို့လာတာ။ ဒီမှာလိပ်စာပေးထားလို့..."

"ခဏလေးစောင့်ပေးနော်။ အိမ်ရှင်တွေကိုသွားပြောပေးမယ်"

သူတို့ဘက်ကတွေ့ဖို့သဘောတူထားတာကြောင့်ရှင်းခန့်ဒီတိုင်းပွင့်ပွင့်လင်းလင်းသာပြောလိုက်သည်။ နောက်ခဏကြာတော့ခုနကသွား​ခေါ်​ပေးမယ်လို့ပြောလာတဲ့အန်တီကြီးနှင့်အတူအသက်ခပ်ကြီးကြီးဦးလေးကြီးတစ်ယောက်ပါလာသည်။ ဦး​လေး​ကြီးရဲ့မျက်နှာအမူအရာကခက်ထန်ပြီးဒေါနဲ့မောနဲ့ဖြစ်နေပုံရနေတာကြောင့်ရှင်းခန့်နည်းနည်းပင်လန့်ချင်သွားသည်။

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now