34~This is my destiny~

400 26 1
                                    

~I never expected we'd meet again, but Fate pulled a mysterious trick on us~

အိမ်မက်ဖြစ်တည်လာရတာကလူ​တွေရဲ့မွန်းကြပ်သိပ်သည်းလှတဲ့ခံစားချက်ကိုခဏတာအနားယူစေချင်တာကြောင့်လို့ထင်သည်။ နိုင်းမာန်နဲ့မြူမိုင်းတို့မှာလည်းမွန်းကြပ်စရာကောင်းတဲ့အတိတ်ဆိုးကိုယ်စီရှိခဲ့ကြသည်။ အဲ့ဒီအတိတ်ဆိုးက​နေသူတို့ကိုယ်စီကလွတ်မြောက်ချင်ကြသည်။ အဲ့ဒီလွတ်မြောက်ချင်တဲ့စိတ်ရဲ့ကြီးစိုးမှုကြောင့်သူတို့နှစ်ယောက်ရဲ့အိမ်မက်ကချိတ်ဆက်ခဲ့ကြတာလို့ထင်သည်။ ဒါပေမယ့်သူတို့ချိတ်ဆက်မိတဲ့အိမ်မက်ကြိုးအမျှင်လေးကအစတုန်းကမမြဲနေပေမယ့်နောက်ပိုင်းကျတော့ပိုပိုပြီးမြဲမြံလာခဲ့သည်။ သူတို့နှစ်ယောက်ရဲ့မြဲမြံလာတဲ့ခံစားချက်ကြောင့်မို့အိမ်မက်ဆိုတာကအပိုလူဖြစ်သွားခဲ့သည်။ ဒါကြောင့်မို့လည်းသူတို့နှစ်ယောက်နီးကပ်စွာရှိနေကြတဲ့အချိန်မှာအိမ်မက်ကအ​ရေးမပါ​တော့သလိုမျိုးပျောက်ကွယ်သွားသည်။

မြူမိုင်းနဲ့နိုင်းမာန်အကြောင်းကိုရှင်းခန့်ဆက်ပြီးစုံစမ်းဖို့လမ်းစရပေမယ့်လို့သူ့မှာအခက်အခဲရှိနေသည်။ ကာယကံရှင်ဖြစ်တဲ့မြူမိုင်းကိုယ်တိုင်ကဂေဟာကိုလိုက်မသွားရင်သူဘာသတင်းအချက်အလက်မှရမယ်မထင်ဘူး။ အဲ့ဒါကြောင့်သူမြူမိုင်းကိုဆက်သွယ်ဖြစ်သည်။

"ဟုတ်ဒေါက်တာ။ ကျွန်တော်လက်ခံပါတယ်"

ဒေါက်တာကသူ့ကိုအခြေအနေကိုမေးမြန်းလာသည်။ သူ့အတွက်တော့အိမ်မက်မက်တာရောမမက်တာရောကသူ့အပေါ်မူတည်နေတယ်လို့ပဲထင်သည်။ အခုသူ့အတွက်အိမ်မက်ဆိုတာကမလိုအပ်တာကြောင့်မို့သူ့ဆီကပျောက်ကွယ်နေတာများလားလို့တွေးမိသည်။ နိုင်းကသူ့ဘေးမှာရှိနေတော့သူဘာကိုမှမလိုအပ်တဲ့ခံစားချက်လေးရှိနေသည်။ ဒါပေမယ့်တစ်ကယ်လို့နိုင်းသာသူ့ဘေးမှာမရှိတော့ရင်သူဘယ်လိုအခြေအနေဖြစ်နေမလဲကိုတွေးပြီးမြူမိုင်းကြောက်ရွှံ့မိသည်။ အဲ့ဒါကြောင့်သူ့ကိစ္စကိုကူညီနေတဲ့ဒေါက်တာရဲ့တောင်းဆိုချက်ကိုမြူမိုင်းလက်ခံသည်။ သူလည်းသူ့ရဲ့မိဘရင်းအကြောင်းကိုသိချင်သည်။ သူတစ်ယောက်ထဲသွားဖို့မဝံ့ရဲခဲ့ပေမယ့်အခုတော့ဒေါက်တာရဲ့အကူအညီနဲ့သူစုံစမ်းဖို့ဖြစ်လာခဲ့သည်။ သူ့ရဲ့လုပ်ရပ်ကတစ်ကယ်ပဲမှန်ကန်နေလား။ သူတစ်ကယ်ပဲအမှန်တရားကိုသိရဖို့သတ္တိရှိပါ့မလားလို့​တော့ကြောက်ရွှံ့မိသည်။

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now