48~Nothing heals the past like time~

845 31 2
                                    

~Memories of a life that's been loved, it's tearing me up~

ဒီစနေတနင်္ဂနွေပိတ်ရက်နှစ်ရက်ကိုနိုင်းမာန်နဲ့မြူမိုင်းပြင်ဦးလွင်ဘက်ကိုနှစ်ယောက်သားခရီးထွက်ဖို့လုပ်ထားသည်။ သူတို့ရဲ့ရည်ရွယ်ချက်ကမြူမိုင်းရဲ့မွေးစားမိဘတွေကိုသွားတွေ့ဖို့ဖြစ်သည်။ အဲ့ဒီကိုသွားဖို့အတွက်လည်းမြူမိုင်းနဲ့နိုင်းမာန်နှစ်ယောက်သားအချိန်ယူပြီးဆွေးနွေးခဲ့ရသည်။

မြူမိုင်းတစ်ခါလောက်တော့မွေးစားမိဘတွေကိုပြန်တွေ့ချင်တဲ့စိတ်လေးရှိသည်။ ဒါပေမယ့်သူ့စိတ်ကိုတော့ပြင်ဆင်ရမယ်ထင်သည်။ မွေးစားမိဘတွေကသူ့အပေါ်မှာကျေးဇူးရှိသလောက်သူ့ကိုကြီးမားတဲ့စိတ်ဒဏ်ရာတွေလည်းပေးခဲ့သည်။ အဲ့ဒီစိတ်ဒဏ်ရာကိုတော့မြူမိုင်းတစ်သက်လုံးမေ့ပစ်လို့ရမှာမဟုတ်ဘူး။

နိုင်းမာန်ကမြူမိုင်းရဲ့​မွေးစားမိဘတွေကိုသူ့ဘက်ကစပြီးကြိုတင်ဆက်သွယ်ထားသည်။ ကလေးရဲ့မွေးစားမိဘတွေဘက်ကလှိက်လှိက်လှဲလှဲကိုကြိုဆိုပြီးလက်ခံသည်။ သူတို့လာမှာကိုဝမ်းသာတယ်လို့ထပ်ခါထပ်ခါပြောလာသည်။ ကလေးကိုလည်းအရမ်းတွေ့ချင်နေတယ်လို့မငိုရုံတမယ်ပြောလာသည်။

"ကလေး..မနက်ဖြန်အတွက်ပြင်ပြီးပြီလား"

"ဟုတ်"

"ဒီနေ့တော့စောစောအိပ်ရအောင်။ မနက်ဖြန်ကိုယ်တို့စောစောထွက်မယ်"

"ဟုတ်"

စောစောအိပ်ရမယ်ဆိုတဲ့အသိကရှိပေမယ့်မြူမိုင်းအိပ်မပျော်ဘူး။ သူအရမ်းစိတ်လှုပ်ရှားနေသည်။ သူမေ့ပစ်ထားချင်တဲ့အတိတ်ပုံရိပ်တွေကသူ့အတွေးထဲမှာတစ်ခုချင်းစီပြန်ပြန်ပေါ်လာသည်။ ဘာကြောင့်မှန်းသူမျက်ရည်ကျမိသည်။ အရင်တုန်းကတောင်သူမငိုခဲ့ဘူး။ ဒါပေမယ့်အခုတော့သူ့အကြောင်းသူတွေးပြီးဝမ်းနည်းမိသည်။ အရင်တုန်းကသူတော်တော်လေးကိုမငိုဖို့သည်းခံခဲ့တာပဲလို့ကိုယ်ကိုယ်ကိုယ်နားလည်သဘောပေါက်လိုက်သည်။

ဘာမှမတွေးတော့ဘဲအိပ်ဖို့ကြိုးစားတဲ့အချိန်မှာမိုးလင်းနေပြီ။ စောစောထွက်မယ်လို့နိုင်းကပြောထားတာကြောင့်လည်းမြူမိုင်းပြန်အိပ်ဖို့မကြိုးစားတော့ဘဲသွားဖို့ပြင်ဆင်လိုက်သည်။

Summertimes Sunset Dreaming 💙 [COMPLETED]Tempat cerita menjadi hidup. Temukan sekarang