Ending~Is it a true love?~

2.3K 54 4
                                    

~Yes, it's a true love~

#ဇာတ်သိမ်းပိုင်းတစ်ပိုင်းတည်းကိုပဲကျော်ဖတ်ရင်ကိုယ်ရေးထားတဲ့ရသကိုအပြည့်အဝခံစားနိုင်မယ်မထင်လို့ဖြစ်နိုင်ရင် Story အစအဆုံးကိုစိတ်နှစ်ပြီးဖတ်​ကြည့်စေချင်ပါတယ်။ အနူးညံ့ဆုံးမေတ္တာရပ်ခံတာဖြစ်ပါတယ်။

~အဆုံးသတ်~

နိုင်းမာန်နဲ့မြူမိုင်းတို့ရဲ့အိမ်အပြန်လမ်းကအရမ်းကို​သာယာဖြောင့်ဖြူး​ပြီးလှပနေခဲ့သည်။ စိတ်ဒဏ်ရာ​တွေနောင်တ​တွေကိုစွန့်လွှတ်နိုင်ခဲ့​ပြီးပျော်ရွှင်မှုတစ်ပွေ့တစ်ပိုက်ကြီးနဲ့သူတို့အိမ်ပြန်လာနိုင်ခဲ့​ကြသည်။

မြူမိုင်းမ​ပြန်ခင်မွေးစားအဖေနဲ့သီးသန့်​စကားပြောခဲ့ကြသည်။ မွေးစားအဖေကသူ့ကိုနောက်ဆုံးထိညင်သာတဲ့စကားတစ်ခွန်းကိုမပြော​ပေးခဲ့ဘူး။ ဒါပေမယ့်သူ့ကိုသားတစ်ယောက်လိုသဘောထားပေးတာကိုပဲမြူမိုင်းကျေးဇူးတင်လှပြီ။

"နောက်လည်းလာလည်သား"

"ဟုတ်ကဲ့"

မွေးစားမိဘတွေကိုအပြုံးမျက်နှာနဲ့နှုတ်ဆက်ထွက်ခွာလာနိုင်တဲ့အတွက်မြူမိုင်းသိပ်ကိုဝမ်းသာသည်။

"ကိုယ့်စကားကိုနားထောင်တော့ကလေးနောင်တရလား"

"မရဘူး"

"ကလေးအမြဲမှတ်ထား။ ပြောချင်တဲ့စကားကိုဘယ်တော့မှစိတ်ထဲမှာကြီးပဲမထည့်ထားနဲ့။ ထုတ်ပြောသင့်ရင်ပြော။ ကလေးကထုတ်ပြောလာမှကလေးစိတ်ထဲကအတွေးကိုတစ်​ခြားသူ​တွေကသိနိုင်မှာ။ မဟုတ်ဘူးလား"

"ဟုတ်တယ်။ နိုင်းပြောတာမှန်တယ်"

အစကတော့ဖြစ်နိုင်ရင်ဂေဟာဘက်ကိုပါနိုင်းမာန်သွားဖို့စိတ်ကူးထားပေမယ့်ပျော်ရွှင်နေတဲ့ပုံရိပ်ကိုမဖျက်စီးလိုက်ချင်တာကြောင့်ကလေးကိုနာကျင်ရတဲ့သူ့ရဲ့အတိတ်ဆီကိုခေါ်မသွားချင်တော့ဘူး။

"ကိုယ်တို့အိမ်ပြန်ရအောင်"

သူတို့ဆီမှာပြန်စရာနွေးထွေးတဲ့အိမ်လေးရှိသည်။ တစ်ယောက်ကိုတစ်ယောက်နွေးထွေးအောင်ဖက်ထားလို့ရတဲ့လက်တွဲဖော်ရှိသည်။ ကောင်းအတူဆိုးအတူလောကဓံကြံ့ကြံ့ခံပြီးရင်ဆိုင်ဖို့သူတို့မှာသတ္တိရှိသည်။ အဲ့အတွက်ကြောက်ရွှံ့နေစရာမရှိတော့ဘူး။

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now