~Just like the Sky will never know the depth of the Sea~
ဒီနေ့နိုင်းမာန်ဘာအလုပ်မှမလုပ်ရသေးတာတောင်ခန္တာကိုယ်ကပင်ပန်းနေသလိုခံစားနေရသည်။ သက်တောင့်သက်သာမရှိတဲ့အဝတ်အစားတွေနဲ့တစ်နေ့လုံးနိုင်းမာန်မနေနိုင်ခဲ့ဘူး။ ထိုနည်းတူစွာပဲသူနဲ့လိုက်ဖက်မှုမရှိတဲ့သူနဲ့သူတစ်သက်လုံးမနေနိုင်ဘူးလို့စိတ်ထဲအတွေးဝင်လာသည်။ အမြွှာတို့ကတော့မေ့ကိုတော်တော်လေးသဘောကျတယ်လို့ပြောလာသည်။ သူမရဲ့လှပမှုကိုအသိအမှတ်ပြုသလိုသူမရဲ့ထက်မြက်သွက်လက်မှုကိုလည်းအသိအမှတ်ပြုတယ်တဲ့။ အစ်ကို့အတွက်လိုအပ်တဲ့မိန်းကလေးလို့ပြောလာခဲ့သည်။ အခုအချိန်မှာတော့နိုင်းမာန်ဘာမှပြန်မပြောနိုင်သေးဘူး။
သူအဝတ်လဲခန်းမှာအဝတ်အစားလဲပြီးထွက်လာတော့ကလေးကနေ့လယ်စာစားနေသည်။ ဘာလို့နေ့လယ်စာကိုအခုမှစားတာလဲလို့မေးတော့အခုမှဗိုက်ဆာလို့တဲ့။ ကလေးကသူနဲ့စကားပြောနေပေမယ့်သူ့ကိုလည်းကြည့်မလာခဲ့ဘူး။ သူပြောတာကိုလည်းဂရုမစိုက်နေခဲ့ဘူး။ အခုပုံစံကကလေးရဲ့ပုံစံမဟုတ်ခဲ့ဘူး။ သူတို့ငါးနာရီလောက်ကိုဆိုင်သိမ်းဖြစ်တော့ကလေးကဒီညနေသူသွားစရာရှိတယ်လို့ခွင့်တိုင်လာသည်။
"ဘယ်သွားမလို့လဲ"
"သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားလို့"
သူနဲ့စကားပြောနေပေမယ့်ကလေးကခေါင်းငုံ့ထားသည်။ သူ့ကိုတစ်ချက်ကလေးတောင်မော့မကြည့်လာဘူး။ သူ့ကိုခွင့်တောင်းနေတာရောဟုတ်ရဲ့လားလို့နိုင်းမာန်သံသယဖြစ်မိသည်။ အခုအနေအထားနဲ့ကလေးရဲ့အမူအရာကိုနိုင်းမာန်မဖတ်တတ်ခဲ့ဘူး။
"သူငယ်ချင်းကဘယ်သူလဲ"
"ကျွန်တော့်ကိုသွားဖို့ခွင့်မပြုဘူးလား"
"ကိုယ်ခွင့်မပြုဘူးလို့မပြောဘူးလေ"
သူ့ကိုတစ်ခုခုကြောင့်ကလေးကမကြည်ဘူးဖြစ်နေသည်။ ပုံမှန်ဆိုကလေးကသူ့ကိုအခုလိုစကားပြောလေ့မရှိတာကြောင့်နိုင်းမာန်အကျပ်ရိုက်နေသည်။
"နိုင်းဘက်ကခွင့်ပြုတယ်၊ မပြုဘူးလို့ပဲပြောလို့ရမလား။ ကျွန်တော့အတွက်အဲ့လောက်ဆိုလုံလောက်တယ်"
KAMU SEDANG MEMBACA
Summertimes Sunset Dreaming 💙 [COMPLETED]
Romansa"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)