36~Definitely, it not just sympathy~

380 29 3
                                    

~I want to protect him, want him to have a better life and want him to be as happy as he used to be. These feelings should be more like family~

နိုင်းမာန်အချိန်ပိုင်းအလုပ်သမားစစရှာခဲ့တဲ့အချိန်တုန်းကလာလျှောက်တဲ့အချိန်ပိုင်းတွေအားလုံးကိုသူတစ်ယောက်မှသဘောမကျခဲ့ဘူး။ တစ်နေ့သူ့ဆီရောက်လာတဲ့မြူမိုင်းဆိုတဲ့ကလေးကိုလည်းအမှန်အတိုင်းပြောရင်သူမကြိုက်ခဲ့ဘူး။ အဲ့ဒီက​လေးဘေးကသူငယ်ချင်း​ဖြစ်သူကြောင့်မို့လို့နိုင်းမာန်ပြောပြီးသားစကားကိုတည်ယုံလေးနဲ့လက်ခံခဲ့တာပဲရှိသည်။

သူစစမြင်လိုက်ရတဲ့ကလေးရဲ့ပုံစံကမြင်ဖူးနေကျလူငယ်တွေရဲ့ပုံစံမျိုးမဟုတ်တာကြောင့်နည်းနည်းတော့စိမ်းနေခဲ့သည်။ စကားအပြောအဆို၊ အပြုအမူနည်းလွန်းတာကိုလည်းစစတွေ့ခြင်းမှာပဲနိုင်းမာန်သတိထားမိခဲ့သည်။ လူကောင်​ဖြူ​ဖြူသေးသေးလေးနဲ့ညှပ်ညှပ်လေးမို့တစ်ကယ့်ကိုကလေးလေးအတိုင်းပဲလို့နိုင်းမာန်မြင်တာကြောင့်လည်းအသက်မပြည့်သေးတဲ့သူလို့ထင်လိုက်မိသည်။ ဒါပေမယ့်သူထင်ထားတာကမဟုတ်ခဲ့ဘူး။

အစပိုင်းမှာတော့​မြူမိုင်းကသူ့ဆိုင်မှာအလုပ်လာလုပ်တဲ့အချိန်ပိုင်းအလုပ်သမားတင်ပဲမို့အဲ့ဒီကလေးအပေါ်မှာနိုင်းမာန်ပုံမှန်အလုပ်သမားလိုပဲဆက်ဆံဖြစ်သည်။ အဲ့ဒီက​လေးကအမြဲတမ်းလူနဲ့မလိုက်ဖက်​အောင်ရုပ်တည်ကြီးနဲ့သူခိုင်းသမျှအလုပ်လုပ်နေတာကိုမြင်ရတော့စက်ရုပ်ကြီးတစ်ခုလိုပဲလည်ပတ်နေပါလားလို့စာနာမိသည်။ ဆိုင်ကိုရောက်လာတဲ့အချိန်လည်းမှန်သလိုအလုပ်ပြန်တဲ့အချိန်လည်းမှန်သည်။ ခိုင်းတဲ့အတိုင်းလည်းမှန်မှန်ကန်ကန်လုပ်တာကြောင့်နိုင်းမာန်အဲ့ဒီက​လေးအ​ပေါ်ပြစ်ချက်လေးတစ်ခုတောင်ရှာမတွေ့ခဲ့ဘူး။

အဲ့ဒါကြောင့်မို့အဲ့ဒီကလေးအပေါ်သူ့ရဲ့ယုံကြည်မှုကမြင့်တက်လာခဲ့သည်။ တစ်နေ့တော့သူရောအကြီးကောင်ရောသက်သာအောင်လို့ကော်ဖီဖျော်နည်းတွေကိုဖြည်းဖြည်းချင်းသင်ပေးဖို့က​လေးကိုဆိုင်ပိတ်ရက်မှာသူချိန်းလိုက်သည်။ ဒါပေမယ့်သူမေ့သွားပြီးမသွားဖြစ်ခဲ့ဘူး။ အဲ့ဒါတောင်သူ့ကိုစောင့်နေခဲ့တယ်လို့စိုင်းဆီကသူပြန်ကြားလိုက်ရတော့အဲ့ဒီက​လေးအ​ပေါ်နိုင်းမာန်တော်တော်လေးအားနာသွားသည်။ သူ့ရဲ့အပြစ်ရှိတဲ့စိတ်ကြောင့်လားတော့မသိပေမယ့်အဲ့ဒီနေ့နောက်ပိုင်းသူအဲ့ဒီကလေးရဲ့အမူအရာတွေကိုတောက်လျောက်သတိထားမိနေသည်။

Summertimes Sunset Dreaming 💙 [COMPLETED]Donde viven las historias. Descúbrelo ahora