~I'm getting use to the pain but I hope you happy~
ရှင်းခန့်ရန်ကုန်ကိုပြန်ရောက်လာပြီဖြစ်သည်။ ရန်ကုန်ကိုရောက်ရောက်ချင်းသူနွယ့်ဆီကိုဆက်သွယ်ပြီးတွေ့ဖြစ်သည်။ နွယ့်ကိုလည်းဖြစ်ကြောင်းကုန်စင်ပြောပြဖြစ်သည်။ သူတို့သိလိုက်ရတဲ့မြူမိုင်းအတိတ်ကမလှပတဲ့အရာဖြစ်သည်။ အစကတည်းကမိုင်းလေးကိုစိတ်ဒဏ်ရာရှိတဲ့သူဆိုတာကိုရိပ်မိနေခဲ့ပေမယ့်ဒီလောက်ထိအတိတ်ကဒဏ်ရာတွေကအကျည်းတန်လိမ့်မယ်လို့ကြည်သာနွယ်မထင်ခဲ့ဘူး။
"ကိုရှင်းရန်ကုန်ကဂေဟာကိုပါသွားစုံစမ်းမလို့လား"
"အင်း"
ကိုရှင်းကဘာကြောင့်နဲ့ဒီလောက်တက်ကြွနေခဲ့လဲကိုတော့နွယ်မမေးတော့ဘူး။ ကိုရှင်းကသူ့အလုပ်မှာသူအမြဲကြိုးစားတတ်သူဖြစ်သည်။ အားထုတ်ကူညီပေးနိုင်တာမှန်သမျှဆိုအကုန်လုပ်တတ်သူဖြစ်သည်။ အဲ့ဒါကြောင့်ဘာအကြောင်းအရင်းရယ်လို့တော့မမေးဖြစ်ခဲ့ဘူး။ ကိုရှင်းကိုနွယ်နားလည်သည်။ သူသာဆိုရင်လည်းမိုင်းလေးကိုကူညီမှာပဲဖြစ်သည်။ မိုင်းလေးတင်မကဘူးသူ့သူငယ်ချင်းအတွက်ပါပါတာမို့နွယ်ဘာမဆိုကူညီမှာပဲဖြစ်သည်။ ဒါကြောင့်ဒီတစ်ခါကိုရှင်းသွားမယ့်ဂေဟာကိုသူပါလိုက်မယ်လို့ဆုံးဖြတ်ထားသည်။
သူမိုင်းလေးကိုသနားသည်။ သူ့ထက်ငယ်ရွယ်ပြီးသူ့ထက်ပျော့ညံ့တဲ့ကလေးကသူ့ထက်ပိုပြီးများစွာသောစိတ်ဒဏ်ရာကိုပိုင်ဆိုင်နေခဲ့သည်။ သူ့ထက်လည်းပိုပြီးရင့်ကျက်နေခဲ့သည်။ ဒါပေမယ့်ရင်ကျင့်မှုကဟန်ဆောင်မှုသက်သက်လို့ပဲနွယ်ထင်သည်။ ဟန်ဆောင်ထားတဲ့အလွှာပါးပါးလေးသာကွာကျသွားရင်မြူမိုင်းလေးရဲ့ပုံစံအမှန်ကိုမြင်ရမှာမို့သူမအဲ့လိုဖြစ်နိုင်အောင်ကူညီပေးချင်သည်။ ပြီးတော့မာန်နဲ့ပတ်သတ်ဆက်နွယ်မှုရှိနေတဲ့ကိစ္စကိုလည်းဖော်ထုတ်ချင်သည်။ ဆန်းကြယ်တဲ့ကိစ္စအတွက်နောက်ကွယ်ကဖုံးကွယ်နေတဲ့အကြောင်းအရာကိုသိချင်သည်။
သူတို့ရန်ကုန်ကမြူမိုင်းငယ်ငယ်လေးတုန်းကနေခဲ့တဲ့ဂေဟာကိုရောက်သွားတော့အသက်အရွယ်အလိုက်ကလေးပေါင်းမြောက်များစွာကိုတွေ့လိုက်ရသည်။ ကလေးတွေရဲ့သဘာဝအရအပူအပင်ကင်းကင်းနဲ့အပြစ်ကင်းကင်းနဲ့ချစ်စရာကောင်းအောင်ပျော်ရွှင်ကစားနေကြသည်။ သူတို့ဘဝလေးကဘယ်အခြေအနေမှာဖြစ်နေလဲဆိုတာဂရုမစိုက်တတ်တဲ့အရွယ်လေးတွေဖြစ်သည်။ ကလေးတွေကိုမြင်လိုက်ရလို့ပျော်ပေမယ့်ကလေးတွေရဲ့ရှေ့လျှောက်အနာဂတ်ကိုစဥ်းစားတော့နွယ်ဝမ်းနည်းလာသည်။ မြူမိုင်းလေးလည်းတစ်ချိန်တုန်းကဒီမှာရှိနေခဲ့တာပဲလို့မြင်ယောင်ကြည့်တော့ဝမ်းနည်းတဲ့စိတ်ကလှိုက်တတ်လာသည်။ သူ့ကိုသတိထားမိတဲ့ကိုရှင်းကသူ့လက်ကိုတွဲလာသည်။ သူ့လက်ကိုတွဲလာတဲ့ကိုရှင်းကသူ့ကိုနှစ်သိမ့်ပေးချင်တဲ့စိတ်မှန်းကိုနွယ်သိပေမယ့်သူ့စိတ်ကအခြားအကြောင်းအရာကိုမျှော်လင့်နေမိသည်။
![](https://img.wattpad.com/cover/286276174-288-k477947.jpg)
YOU ARE READING
Summertimes Sunset Dreaming 💙 [COMPLETED]
Romance"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)