~There is no such thing as behavior without a reason~
တစ်ပတ်နဲ့တစ်ပတ်ကလည်းကုန်တာမြန်ဆန်လှသည်။ မြူမိုင်းကျောင်းမှာဆိုရှင်းစစ်တို့နဲ့ပဲစကားကောင်းကောင်းပြောဖြစ်ပြီးရင်ခွင်ကိုတော့အကြောင်းပြချက်မရှိဘဲရှောင်နေမိသည်။ သူကသာရှောင်နေခဲ့တာဖြစ်ပြီးရင်ခွင်ကတော့သူ့နောက်ကိုတစ်ကောက်ကောက်လိုက်နေသည်။ ကျောင်းမှာဆိုရင်ခွင်ကအပေါင်းအသင်းပေါသလိုရင်ခွင်ကိုကြိုက်တဲ့ကောင်မလေးတွေလည်းပေါသည်။ ဒါပေမယ့်ရင်ခွင်ကသူ့နောက်ကိုပဲတကောက်ကောက်လိုက်နေတော့ရှင်းစစ်တို့အဖွဲ့ကတောင်သူ့ကိုပြောလာသည်။ ရင်ခွင်ကိုကြိုက်တဲ့ကောင်မလေးတွေကတော့သူ့အနားကိုကပ်ဖို့ကြိုးစားကြသည်။ သူတို့အထင်မှာကသူကရင်ခွင်နဲ့အရမ်းခင်နေတဲ့သူငယ်ချင်းတစ်ယောက်ဖြစ်နေပုံရသည်။
ကျောင်းပိတ်ရက်ဆိုရင်ခွင်သူ့ဆီရောက်လာမှာသိပ်ကြောက်သည်။ ရင်ခွင်ကိုကြောက်မိတာထက်ရင်ခွင်သူငယ်ချင်းဖြစ်သူတွေကိုကြောက်တာဖြစ်သည်။ ရင်ခွင်ကတော့သူ့ကိုအန္တာရာယ်မလုပ်မှန်းသိပေမယ့်စိတ်ထဲမှာတော့ဘယ်သူ့ကိုမှစိတ်ချလက်ချမယုံကြည်ရဲဘူး။ ဘာကိစ္စနဲ့သူ့ကိုရန်ရှာချင်နေမှန်းကိုလည်းမြူမိုင်းစဥ်းစားမရဘူး။
မမျှော်တဲ့သူကသူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်လာခဲ့သည်။ ရင်ခွင်ကသူ့ဆီလာတာမဟုတ်ဘဲစားသုံးသူအနေနဲ့လာတာကြောင့်နှင်လွှတ်ဖို့ကလည်းမဖြစ်နိုင်ဘူး။
"ဘာသုံးဆောင်မလဲ"
သူမဟုတ်ဘဲ'ကိုမင်း'ကရင်ခွင်ရှိတဲ့ဝိုင်းကိုအမှာကောက်နေတာကြောင့်ဒီတစ်ခေါက်တော့သူလွတ်ပြီလို့တွေးလိုက်သည်။ ဒီတစ်ခါတော့ရင်ခွင်တစ်ယောက်တည်းပဲရောက်လာတာဖြစ်လို့သူ့ကိုတော့ဘာပြဿနာမှမရှာလောက်ဘူးလို့စိတ်ချနေသည်။ ကြည့်ရတာတော့ရင်ခွင်က'ကိုမင်း'နဲ့စကားလက်ဆုံကျနေသည်။ ပြုံးပြုံးရယ်ရယ်နဲ့အဆင်ပြေနေတာကိုမြင်ရသည်။ ဘာအကြောင်းအရာကိုပြောနေတာလဲဆိုတာကတော့မြူမိုင်းအနီးအနားမှာမဟုတ်တာကြောင့်မကြားရဘူး။
"ဒါဆိုညီလေးခဏစောင့်။ အစ်ကိုမိုင်းလေးကိုသွားခေါ်ပေးမယ်"
YOU ARE READING
Summertimes Sunset Dreaming 💙 [COMPLETED]
Romance"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)