35~Say you love me, just like I love you~

441 33 8
                                    

~As long as you're willing to share your thoughts with me, I will give you everything I have too~

ဆိုင်မှာမနွယ်နဲ့ကိုစိုင်းကမရှိတော့သူနဲ့နိုင်းနှစ်ယောက်ပဲကျန်ခဲ့သည်။ အမြွှာအစ်ကိုတို့ကခြောက်နာရီနောက်ပိုင်းမှအိမ်ပြန်ရောက်တာမို့အခုတော့သူတို့နှစ်ယောက်ပဲဆိုင်နဲ့နပန်းလုံးနေရသည်။

"ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ကြောင့်နဲ့ကလေးကိုအလုပ်ရှုပ်စေမိပြီ"

"နိုင်းအဆင်ပြေလား"

"အမှန်အတိုင်းပြောရင်နွယ့်အပေါ်ကိုယ်ပြောတာလွန်သွားတယ်"

"နိုင်းကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့။ မနွယ်ကနိုင်းကိုနားလည်ပေးမှာပါ"

နိုင်းကအလုပ်ကိုပဲစိတ်နှစ်ပြီးလုပ်နေခဲ့သည်။ ဒီနေ့တစ်နေလုံးတော့တော်တော်လေးပင်ပန်းသည်။ ပိတ်ရက်မို့လူများတာကိုသူတို့နှစ်ယောက်ပဲရှိတာကြောင့်မြူမိုင်းလည်းတော်တော်လေးခြေကုန်လက်ပန်းကျနေသည်။ ဆိုင်သိမ်းတာကိုတော့အမြွှာအစ်ကိုတို့ကိုကူပေးပြီးသူတို့အိမ်ပြန်ရောက်လာကြသည်။ အိမ်ပြန်ရောက်တာနဲ့မြူမိုင်းခြေလက်သန့်စင်ပြီးအိပ်ပျော်သွားခဲ့သည်။

"ကလေး"

"ကလေးကိုယ်ဝင်လာမယ်နော်"

သူခေါ်တာကိုမထူးတာကြောင့်ကလေးအခန်းထဲကိုနိုင်းမာန်ဝင်လာခဲ့သည်။ ထမင်းမစားဘဲနဲ့ကလေးကရေမိုးချိုးပြီးအိပ်ပျော်နေသည်။ သူ့ကြောင့်ကလေးတော်တော်ပင်ပန်းခဲ့ရတာကိုနိုင်းမာန်အရမ်းကိုအားနာသည်။

"ကိုယ်တောင်းပန်ပါတယ်။ ကောင်းကောင်းအိပ်ကလေးလေး"

က​လေးရဲ့နဖူး​ပြင်ပေါ်အနမ်းတစ်ပွင့်ခြွေပြီးတံခါးကိုအသာအယာလေးပိတ်ပြီးနိုင်းမာန်အခန်းထဲကပြန်ထွက်လာခဲ့သည်။

"မိုင်းလေးရော"

"အိပ်ပျော်သွားပြီ"

"ထမင်းမစားဘဲအိပ်ပျော်သွားတယ်လား။ တော်တော်လေးပင်ပန်းသွားလို့ထင်တယ်"

"အင်း။ အိပ်ခိုင်းလိုက်တော့။ မနှိုးနဲ့တော့"

သူတို့ညီအစ်ကိုသုံးယောက်ပဲထမင်းဝိုင်းထဲမှာရှိနေသည်။ အကြီးကောင်နဲ့အငယ်ကောင်ကတော့တစ်ယောက်ကိုယ်တစ်ယောက်မျက်စတွေပစ်ပြနေသည်။ မနွယ်နဲ့ကိုစိုင်းကဒီနေ့ဆိုင်မှာမရှိရတဲ့အကြောင်းအရင်းကိုသိထားတော့သူတို့မေးရမှာလည်းခပ်လန့်လန့်ဖြစ်နေသည်။ ဒီနေ့သူတို့အစ်ကိုရဲ့အခြေအနေကသိပ်အကောင်းကြီးမဟုတ်ဘူး။

Summertimes Sunset Dreaming 💙 [COMPLETED]Tempat cerita menjadi hidup. Temukan sekarang