42~Sometimes, people change their decisions in the split of a second~

412 26 8
                                    

~The body does not always accept the brain's commands but accepts those of the heart~

မာန့်ရဲ့မိသားစုကိုသဇင်ထူးဟန်တစ်ခါမှမ​တွေ့ဖူးခဲ့ဘူး။ အမြွှာတို့ကလွဲပြီးတစ်ခြားမိသားစုဝင်တွေကိုသူမတွေ့ဖူးဘူး။ နွယ်ကသူ့ကိုမာန့်ရဲ့အဖေနဲ့မိတ်ဆက်ပေးလာသည်။ သူအခုမှပထမဦးဆုံးမြင်ဖူးတာဖြစ်သည်။ သေချာကြည့်တော့မာန်ကအဖေဖြစ်သူနဲ့နည်းနည်းလေးမှမတူဘူး။

"တွေ့ရတာဝမ်းသာတယ်သမီး။ ဦးကနိုင်းမာန်ရဲ့အဖေဦးတေဇ"

"ဟုတ်ကဲ့ဦးလေး။ သမီးကမာန့်ရဲ့သူငယ်ချင်းသဇင်ထူးဟန်လို့ခေါ်ပါတယ်"

"သူငယ်ချင်းဟုတ်လို့လား။ သမီးနွယ်ကတော့ဦးလေးကိုသူငယ်ချင်းလို့မိတ်ဆက်ပေးထားတာမဟုတ်ဘူးထင်တာပဲ"

မာန့်ရဲ့အဖေကသူ့ကိုရယ်ရယ်​မော​မောစနောက်လို့တောင်နေသည်။ စနောက်လာတဲ့စကားကြောင့်လည်းသူ့မျက်နှာဘယ်နားသွားထားရမယ်မှန်းမသိဘူး။ နွယ်ကသူ့ကိုတစ်ကယ်ကြီးမာန့်ရဲ့အဖေနဲ့မိတ်ဆက်ထားပေးတာပဲလို့တွေးမိတော့စိတ်ထဲကကြည်နူးလာသည်။ သူဘာကိုမှဖုံးကွယ်နေစရာမလိုဘူးဆိုတဲ့စိတ်ဝင်လာသည်။

"သား..လာပါဦး"

"ဟုတ်အဖေ"

အဖေခေါ်လို့နိုင်းမာန်အနားရောက်သွားတော့သဇင်ကသူ့အိမ်ကိုရောက်နေသည်။ အိမ်ကိုရောက်လာတာတင်မကလို့အဖေနဲ့လည်းစကားလက်ဆုံကျ​ပြီးအဆင်ပြေနေသည်။

"သမီးသဇင်ကိုအဖေ့သဘောကျတယ်။ လိမ်မာရေးခြားရှိလိုက်​ပြီးလူ​ကြီးမိဘ​တွေကိုရို​သေရ​ကောင်းမှန်းသိတယ်။ ကျက်သရေရှိပြီးလှလည်းလှတယ်။ ပညာတတ်ပြီးရင့်ကျက်တယ်။ သားနဲ့ဆိုအကိုက်ပဲ"

သဇင်ကအဖေသူ့ကိုပြောနေတဲ့စကားကိုကြားနေတော့ချီးမွှန်းခံရတဲ့သူတစ်ယောက်လိုပြုံးပျော်နေသည်။ အခုမှစတွေ့ဖူးမြင်ဖူးတဲ့သဇင့်အကြောင်းကိုအဖေဘာလို့ဒီလောက်ထိသိပြီးချီးကျူးနေမှန်းကိုနိုင်းမာန်နားလည်မပေးနိုင်ဘူး။ ဒီအခြေအနေဖြစ်လာတာကိုလည်းသူသဘောမကျဘူး။ သူမဖိတ်ထားတဲ့သဇင်ကိုဘယ်သူကသူ့အစားဖိတ်လိုက်လို့အခြေအနေတွေကရှုပ်ထွေးကုန်တာလဲ။

Summertimes Sunset Dreaming 💙 [COMPLETED]Où les histoires vivent. Découvrez maintenant