37~I just need your willingness~

383 24 0
                                    

~If it weren't for you, I would've hated touching or being touched my whole life but I need your willingness~

သူ့ကိုချစ်တယ်လို့ပြောတဲ့ပြောတဲ့ကလေးရဲ့အမူအရာတွေကတစ်ကယ့်ကိုရိုးသားသည်။ သူ့စိတ်ထဲမှာခံစားရတာလည်းစစ်မှန်ခဲ့သည်။ တောက်ပတဲ့အပြုံးနဲ့ရင်ထဲကခံစားချက်အစစ်အမှန်ကိုနိုင်းမာန်မြင်ရတော့သူ့ရဲ့ဝမ်းသာမှု၊ ပျော်ရွှင်မှုတွေကိုဖော်ပြလို့တောင်မရနိုင်ခဲ့ဘူး။

ကလေးကသူ့အပေါ်ခံစားချက်ရှိမယ်ဆိုတာနိုင်းမာန်သိသည်။ ဒါပေမယ့်သူထင်ထားတဲ့ခံစားချက်ဟုတ်ပါ့မလားလို့အတည်ပြုချင်တာကြောင့်သဇင့်အကြောင်းကိုကလေးဘယ်လိုတွေးနေမလဲလို့မေးကြည့်ခဲ့သည်။ သူ့ကိုအစ်ကိုကြီးတစ်ယောက်လိုချစ်ခင်လေးစားမယ်လို့ထင်ခဲ့တဲ့သူ့အသိကကလေးရဲ့တုံ့ပြန်မှုတစ်ခုကြောင့်သံသယဝင်လာသည်။ က​လေးရဲ့အဲ့ဒီတုံ့ပြန်မှုကလည်းရိုးရိုးရှင်းရှင်းလေးပါပဲ။ သူကသဇင့်အပေါ်မှာခံစားချက်ကျန်နေသေးတယ်ဆိုတဲ့တုံ့ပြန်စကားလေးတစ်ခွန်း။

သူက​လေးကိုသံသယဝင်ခဲ့တယ်ဆိုတာထက်သံသယဝင်ချင်ခဲ့တာဖြစ်သည်။ ကလေးကတစ်ကယ်ပဲသူ့ကိုအဲ့လိုပဲတွေးနေလားလို့ခံပြင်းနေခဲ့သည်။ သူကတော့ကလေးအပေါ်မှာမြတ်နိုးတန်ဖိုးထား​နေတာကိုမသိဘဲက​လေးကသူ့ကိုတစ်ခြားသူနဲ့လိုက်ဖက်တယ်လို့ပြောလာတဲ့စကားအပေါ်မှာနိုင်းမာန်လက်မခံနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့်မို့လည်းဒီအတိုင်းသူ့ရဲ့ခံစားချက်ကိုအမှန်အတိုင်းဝန်ခံပြောပြရ​တော့မလားလို့တွေဝေလာသည်။

ကလေးရဲ့အမူအရာတွေကသူ့ကိုတစ်ကယ်ပဲစကားပြောနေသလိုပဲ။ ကလေးရဲ့စိတ်ကဝမ်းနည်းနေလားပျော်ရွှင်နေလားဆိုတာကိုကလေးရဲ့အမူအရာကိုကြည့်ပြီးနိုင်းမာန်ပြောနိုင်သည်။ အခုလည်းသူ့ကိုစိတ်ရင်းနဲ့မဟုတ်ဘဲအပေါ်ယံစကားပဲပြောနေမှန်းနိုင်းမာန်တန်းသိသည်။ အဲ့ဒါကြောင့်မို့လို့လည်းဘာကြောင့်လဲဆိုတဲ့မေးခွန်းကထွက်လာသည်။

သူ့ဘက်ကစပြီးသူ့ရဲ့ခံစားချက်ကိုအရိပ်အယောင်ပြခဲ့တော့ကလေးကသူ့ကိုစစ်မှန်တဲ့စကားနဲ့တုံ့ပြန်လာသည်။ ကလေးကသူ့ကိုသူ့တစ်ယောက်တည်းအတွက်အပိုင်လိုချင်တယ်တဲ့လေ။ နိုင်းမာန်​ပြန်ပြောစရာစကားတောင်ရှာမရခဲ့ဘူး။ အဲ့ဒီအချိန်မှာဖြစ်ပေါ်သွားတဲ့သူ့ရဲ့ခံစားချက်ကိုနိုင်းမာန်ဘယ်လိုဖော်ပြရမယ်မှန်းတောင်မသိဘူး။ သူ့အပျော်ကအတိုင်းအတာကျော်လွန်သွားခဲ့သည်။

Summertimes Sunset Dreaming 💙 [COMPLETED]Hikayelerin yaşadığı yer. Şimdi keşfedin