~Someone is obsessed with his dream, and someone is expecting his dream to disappear.~
ဒေါက်တာရှင်းခန့်ဆိုသူသည်ငယ်ရွယ်တဲ့ (Psychosomatic Medicine) Psychotherapist တစ်ယောက်ဖြစ်သည်။ သုံးဆယ်ကျော်အရွယ်သာရှိသေးပေမယ့်အတွေ့အကြုံကတော့များပြားသည်။ ဘွဲ့စစရချင်းတုန်းကဆိုပရဟိတတွေကိုအများအားဖြင့်လိုက်လုပ်ဖြစ်တာများသည်။ သူ့ရဲ့အလုပ်ကိုတစ်နေရာတည်းထဲမှာပဲအခြေချလိုက်တာမဟုတ်ပဲနယ်ပယ်ပေါင်းစုံမှာအတွေ့အကြုံယူခဲ့သည်။ ထို့ကြောင့်သူမြူမိုင်းဆိုတဲ့ကလေးကိုပြင်ဦးလွင်ကသူသွားခဲ့ဖူးတဲ့ဂေဟာတစ်ခုမှာတွေ့ခဲ့ဖူးသည်။
ဒီကလေးကအခုသူ့ဆီရောက်လာတာကိုဝမ်းသာပေမယ့်ခုနကစကားကိုတော့စိတ်ထဲထင့်နေသည်။ ဒီကလေးဆီကသေချာတဲ့အကြောင်းအရာကိုကြားချင်ပေမယ့်ပြောပြလာမယ့်ပုံမပေါ်တာကြောင့်ဒီကလေးမေးတဲ့မေးခွန်းအပေါ်အဖြေစကားရှာဖို့လမ်းစမရှိခဲ့ဘူး။
"ဆရာ"
သူ့ရှေ့မှာရှိနေတဲ့ဒေါက်တာကတစ်ခုခုကိုအတွေးလွန်နေတာကြောင့်မြူမိုင်းအသံပြူခေါ်လိုက်သည်။
"ခုနကကျွန်တော်မေးတာကိုဖြေပေးလို့ရမလား"
"အဲဒါကပြောဖို့ခက်တယ်။ အိမ်မက်ဆိုတာအမျိုးမျိုးရှိတယ်။ ဒေါက်တာရှင်းပြမယ်သေချာနားထောင်"
မြူမိုင်းသိပ်သိချင်တာကြောင့်ဒေါက်တာပြောလာမယ့်အကြောင်းအရာအပေါ်အာရုံအပြည့်အဝစိုက်လိုက်သည်။
"ဒေါက်တာတို့ဆေးပညာအယူအဆနဲ့ပြောရမယ်ဆိုရင်အိမ်မက်မက်တယ်ဆိုတာကိုယ့်စိတ်ရဲ့စွဲလမ်းမှုကိုလမ်းပေါက်ပေးတာလို့ယူဆတယ်။ ပိုပြီးတော့တိတိကျကျရှင်းပြရမယ်ဆိုရင်အိမ်မက်မက်ရခြင်းရဲ့အခန်းကဏ္ဍကပိုပြီးကျယ်ပြန့်လာတယ်"
မြူမိုင်းစိတ်ထဲမှာသူ့အိမ်မက်ကဘာကြောင့်ဖြစ်တည်တယ်ဆိုတာကိုဆရာဝန်ရဲ့စကားကနေတဆင့်အဖြေရှာနေသည်။ သူဘာကြောင့်တူညီတဲ့အိမ်မက်ကိုအမြဲတမ်းစွဲမက်နေရလဲဆိုတာသိချင်သည်။ သူမက်တဲ့အိမ်မက်တိုင်းမှာလည်းမပြောင်းမလဲဘာကြောင့်အဲ့ဒီသူကပါနေရလဲဆိုတဲ့အကြောင်းအရင်းကိုမြူမိုင်းပိုသိချင်သည်။
YOU ARE READING
Summertimes Sunset Dreaming 💙 [COMPLETED]
Romance"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)