13~I don't need your kindness~

573 38 0
                                    

~It hurts me everytime when you act like you care me~

မြူမိုင်းကမာန်တို့ညီအစ်ကိုနဲ့တူတူနေဖြစ်သွားတာကိုသိရတော့နွယ်အရမ်းကိုဝမ်းသာသွားသည်။ အစကတော့သူ့ကြောင့်အခြေအနေကပိုဆိုးသွားတယ်လို့ထင်ခဲ့ပေမယ့်တော်သေးသည်။

"မိုင်းလေး မာန်တို့ညီအစ်ကိုနဲ့နေရတာဘယ်လိုလဲ"

"အဆင်ပြေပါတယ်"

"သေချာလို့လား"

"ဟုတ်"

"မာန်..နင်ကြားလားဖြေတာ'ဟုတ်'ဆိုပဲနော်။ ဘယ်လိုတောင်သိမ်သွင်းထားတာလဲ"

"သိမ်းသွင်းစရာကိုမလိုဘူး။ ဟုတ်တယ်နော်ကလေး"

ဘယ်တုန်းကနှစ်​ယောက်သားကဒီလောက်ထိအတိုင်အပေါက်ညီပြီးတည့်သွားရတာလဲလို့တော့နွယ်မမေးတော့ဘူး။ အစီအစဥ်ပျက်သွားပြီလို့ထင်ခဲ့​ပေမယ့်သူ့ပယောဂမပါဘဲတောင်အဆင်ပြေနေတာဆိုတော့ကြိတ်ပျော်နေရသည်။

"နိုင်း..ကျွန်တော့်ကိုခုနကပြောတဲ့ပစ္စည်းတွေက ဘယ်နားလေးမှာလဲ"

နေ့ခင်းဘက်ဆိုင်နဲ့ညနေဘက်ဆိုင်ကအပြင်အဆင်မတူတာအပြင်ပစ္စည်းတွေနဲ့တစ်ခြားလိုအပ်တာတွေလည်းမတူတာကြောင့်​မြူမိုင်းအတွက်အသားကျဖို့ခက်ခဲ​နေ​သေးသည်။

တစ်ချိန်ထဲမှာပဲနွယ်နဲ့စိုင်းကတော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်​ပြီးကြောင်သွားကြသည်။ ဘယ်သူကဘယ်သူ့ကိုနိုင်းလို့ခေါ်လိုက်တာလဲတောင်မသိတော့ဘူး။ သူတို့နားပဲကြားတာမှားသွားတာလားလို့ကိုယ့်နားကို​ပြန်​ပြီးသံသယဝင်ရမယ့်အခြေအနေဖြစ်နေသည်။

"နင်ကြားလိုက်တယ်မလား"

"နင်လည်းကြားလိုက်တယ်မလား"

"အေးကြားလိုက်တယ်။ မိုင်းလေးကမာန်ကိုနိုင်းလို့ခေါ်တာနော်။ အသည်းယားစရာလေး။ တစ်မျိုးလေးနဲ့နားထောင်ကောင်းသား"

မာန်တစ်ကောင်သဘောကျလားမကျဘူးလားဆိုတာစိုင်းမသိပေမယ့်သူတော့သဘောကျနေသည်။ သူ့ကိုခေါ်နေတာမဟုတ်တာတောင်အဲ့လိုလေးကြားရတာစိုင်းသဘောကျသည်။ သူ့ကိုလည်းနွယ်ကစိုင်းလို့အမြဲခေါ်ရင်ကောင်းမယ်လို့တွေးမိသည်။ နင်နဲ့ငါပဲအမြဲတပ်ပြောပြီးနွယ်ကသူတစ်ခုခုလိုချင်တဲ့အချိန်မှစိုင်းလို့သုံးနှုန်းတတ်သည်။ ထားလိုက်ပါတော့။ သူနေသားကျနေပါပြီ။

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now