~The truth is rarely pure not simple~
"ကလေး...ကိုယ့်ကိုဘယ်လိုသဘောထားလဲ"
"နိုင်းကကျွန်တော့်အတွက်ရှေ့ဆောင်လမ်းပြတစ်ယောက်လိုပဲ။ မှောင်မိုက်နေတဲ့ကျွန်တော့်ဘဝထဲကိုအလင်းရောင်လေးတစ်ခုဝင်ရောက်လာသလိုပဲအိမ်မက်ဆန်တယ်။ နိုင်းကခွင့်ပြုနေသေးသ၍တော့အဲ့ဒီအိမ်မက်ကိုကျွန်တော်မရပ်တန့်လိုက်ချင်ဘူး။ ကျွန်တော်သာရပ်တန့်လိုက်ရင်အရာအားလုံးကပြီးဆုံးသွားမှာကိုကြောက်တယ်..။ နိုင်းကရော..?"
"ကိုယ့်အတွက်လည်းကိုယ့်ဘဝထဲဝင်ရောက်လာပေးတဲ့ကလေးကအိမ်မက်လိုပဲ။ ဒါပေမယ့်အဲ့ဒီအိမ်မက်ကိုဆက်မက်ရမလား၊ ရပ်တန့်ပစ်ရမလားတော့ကိုယ်လည်းမသေချာသေးဘူး။ ဒါပေမယ့်ကိုယ့်ရဲ့သေချာမှုတစ်ခုကကလေးကကိုယ့်ဘေးမှာရှိနေလို့ပျော်တယ်။ အဲ့ဒီအရာကိုဘယ်သူကမှလာပြီးမတားဆီးစေချင်ဘူး..."
'စစ်မှန်တဲ့ခံစားချက်အတွက်စစ်မှန်တဲ့တုံ့ပြန်မှုရှိလာမှာပါ'
အိမ်မက်ကိုအခြေခံပြီးပုံဖော်ထားတာဖြစ်တယ်။ အိမ်မက်ဆိုတာစိတ်ကူးယဥ်မှုသပ်သပ်သာဖြစ်ပေမယ့်လို့အဲဒီအိမ်မက်တွေအားကောင်းလာတဲ့အသွင်ပြောင်းလာတော့စိတ်ကူးယဥ်မှုတွေဟာလက်တွေ့လိုဖြစ်လာတတ်တယ်။ တစ်ချို့တွေကျတော့လုံးဝမေ့နေတတ်ကြတယ်။ ဒါပေမယ့်လို့အိမ်မက်ဆိုတာမျိုးဟာလျှို့ဝှက်ဆန်းကြယ်မှုနဲ့ထူးဆန်းတဲ့ခံစားချက်တွေကိုသာဖြစ်စေတယ်လို့ထင်တယ်။ လူတိုင်းဟာအပြင်လက်တွေ့ဘဝမှာထက်အတွင်းအိမ်မက်ထဲမှာကခံစားချက်တွေပိုစစ်မှန်တတ်တယ်။ ခံစားချက်တွေကစစ်မှန်ပြီးခိုင်မြဲလာတော့အိမ်မက်ကပိုပိုပြီးခိုင်မြဲလာတာလို့ဖတ်ခဲ့ဖူးတာရှိတယ်။
"လူတစ်ဦးရဲ့တစ်ညတာအိမ်မက်ကသူရဲ့တစ်ဘဝလုံးရဲ့အတွင်းအကျဆုံးဖြစ်တည်မှုနှင့်ပတ်သတ်ပြီးအပြည့်အဝအမှန်တရားနှင့်ညီမျှတယ်" ။
KAMU SEDANG MEMBACA
Summertimes Sunset Dreaming 💙 [COMPLETED]
Romansa"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)