38~I will be all happy again~

394 26 2
                                    

~It's not that big of a deal. I just need a good sleep then, I will be all happy again~

မြူမိုင်းဒီနေ့ကျောင်းကိုနောက်ကျမှရောက်ခဲ့သည်။ သူတင်ရမယ့်အိမ်စာအတွက်မနေ့ကအာရုံမရလို့မလုပ်ဖြစ်ခဲ့တာကြောင့်ဒီနေ့မှမနက်အစောကြီးထပြီးသူလုပ်နေခဲ့သည်။ အဲ့ဒါကြောင့်မို့လည်းမနက်ကနိုင်းတို့ကိုမင်းတို့ဆိုင်သွားဖို့ပြင်ဆင်နေတာတွေကိုကြား​နေခဲ့သည်။ မနေ့ကနိုင်းကိုကြည့်ရတာအခြေအနေမကောင်းတာကြောင့်နိုင်းကိုမြူမိုင်းသွားမရှုပ်ခဲ့ဘူး။ ဒါပေမယ့်ဒီနေ့တော့ကြား​နေခဲ့ရတဲ့အသံကြောင့်နိုင်းအဆင်ပြေနေတယ်လို့သိလိုက်ရလို့ဝမ်းသာသည်။ ဒါပေမယ့်သူနိုးနေမှန်းတော့ဘယ်သူမှသိမယ်မထင်ဘူး။

"မင်းနောက်ကျလို့ပထမအချိန်ကလက်မှတ်ကိုငါထိုးပေးထားတယ်"

"ကျေးဇူး"

"ကျေးဇူးတင်တယ်ဆိုငါ့ကိုကန်တင်းရောက်ရင်ဝယ်ကျွေး"

"အေးပါကွာ"

သူနဲ့ရင်ခွင်ကတဖြည်းဖြည်းနဲ့သူငယ်ချင်းဆက်ဆံရေးဘက်ကိုဦးတည်နေသည်။ မြူမိုင်းအဲ့ဒီအ​ခြေအနေကိုသဘောကျသည်။

"မင်းကိုအခုတလောပျော်နေတယ်မှတ်နေတာ...အခုဘယ်လိုဖြစ်တာလဲ"

"ငါကဘာဖြစ်​နေလို့လဲ"

"မိုင်းလေးရာ..မင်းကိုငါသိပါတယ်။ မင်းမျက်နှာကိုကြည့်တာနဲ့ဘာဖြစ်မှန်းသိတယ်"

"အဲ့လောက်တောင်ပဲလား"

"သိသာတယ်လေ"

သူ့လိုခံစားချက်မဲ့နေတဲ့သူတစ်ယောက်ကိုတောင်ရင်ခွင်ကရိပ်မိနေခဲ့ရင်သူကဒီထက်ပိုပြီးခံစားချက်မဲ့နေတဲ့သူမဟုတ်တော့ဘူး။ သူ့ဆီမှာခံစားချက်အသစ်တွေအများကြီးမွေးဖွားလာနိုင်ခဲ့သည်။

"ဘာဖြစ်လို့လဲ။ ပြောလို့ရရင်ပြောပြ"

"ငါအဆင်ပြေနေသေးတယ်။ ငါတစ်ကယ်မပြေတော့တဲ့တစ်နေ့ကျရင်ရင်ဖွင့်ဖို့မင်းကိုလိုအပ်မယ်ထင်တယ်"

"အိုကေ။ ငါရှိနေပေးမယ်"

သူကြိုးစားပေမယ့်မြူမိုင်းကသူ့ကိုလက်ခံမှာမဟုတ်ဘူးဆိုတာကိုသိတော့ရင်ခွင်အတင်းအကျပ်​မြူမိုင်းကိုဝန်လေးမှုတွေမပေးချင်ဘူး။ ဒါကြောင့်မို့လည်းသူ့ဘက်ကခြေတလှမ်း​နောက်ဆုတ်ထားပေးခဲ့သည်။ သူနောက်ဆုတ်ပေးထားတဲ့တစ်လှမ်းမှာမြူမိုင်းကိုပျော်ရွှင်စေချင်သည်။ အဲ့ဒါမှလည်းသူပေးဆပ်ရကျိုးနပ်မယ်ထင်သည်။

Summertimes Sunset Dreaming 💙 [COMPLETED]Où les histoires vivent. Découvrez maintenant