3~Sweet Dream~

1K 58 2
                                    

~A dream is a wish that your heart makes~

အိမ်မက်ဆိုတာကိုယ်စိတ်ကူးပုံဖော်လိုက်တဲ့ပန်းချီကားလေးတွေဖြစ်သည်။ အိမ်မက်ကလက်တွေ့ဆန်နိုင်သည်။ လွတ်လပ်သည်။ ကိုယ်လိုသလိုပုံ​ဖော်နိုင်တဲ့စိတ်ကူးယဥ်ကမ္ဘာလေးဖြစ်သည်။ မဖြစ်နိုင်တာမရှိလောက်တဲ့အထိကိုနယ်ပယ်ကျယ်ဝန်းလှသည်။ အိမ်မက်ဆိုတာမျိုးကကိုယ်ရဲ့ပုံရိပ်အစစ်အမှန်တွေကိုပြန်လည်ထင်ဟပ်စေတဲ့ပုံရိပ်ယောင်တွေလည်းဖြစ်သည်။

ဘဝမှာအိမ်မက်ရယ်လို့မမက်ဖူးတဲ့လူရယ်တော့ရှိကြမယ်လို့မထင်ဘူး။ အနည်းနဲ့အများတော့ကိုယ့်ရဲ့စိတ်ကူးလေးတွေကိုအသက်ဝင်စေချင်ကြတဲ့လူတွေချည်းသားများသည်။ တစ်ကယ်တမ်းပြောရမယ်ဆိုရင်စိတ်ကူးယဥ်တတ်ကြတဲ့လူတွေအများစုကတော့အိမ်မက်ကိုပိုမက်ကြတယ်လို့ပြောနိုင်လိမ့်မည်ထင်သည်။ ဒါဆိုရင်အိမ်မက်ဆိုတာတစ်ကယ်ပဲစိတ်ကူးယဥ်ဆန်တာသက်သက်ပဲလားဆိုတာကမေးခွန်းထုတ်စရာဖြစ်နေသည်။

တစ်နေ့ကအငယ်တွေပြောလာတဲ့စကားကြောင့်ရောသူကိုယ်တိုင်ကလည်းလုပ်သင့်တယ်လို့တွေးလိုက်တဲ့အတွက်ကြောင့်ရောမို့အခုတလောနိုင်းမာန်ကသူကျောင်းပြန်တက်မယ့်ကိစ္စ​တွေနဲ့အလုပ်ရှုပ်နေသည်။ အမြွှာတွေရဲ့စာမေးပွဲကလည်းနီးကပ်လာ​ပြီမို့သူ့မှာအပူ​တွေများလာသည်။ ဒီနေ့တော့သူစိတ်ဆုံး​ဖြတ်​ပြီးကျောင်းအပ်ခဲ့ပြီဖြစ်သည်။ ကျောင်းကနေအပြန်မှာအမြွှာနှစ်ယောက်ဆီကိုဝင်လာခဲ့သည်။ သူတို့ကြိုက်တတ်တာလေးတွေဝယ်ပြီးစာကြိုးစားဖို့မှာမယ်လို့စိတ်ကူးကာ​ရောက်လာခဲ့သည်။

"အစ်ကိုရောက်လာတယ်။ အငယ်ကောင်လာဦး"

အဝေးကနေလာပြီလို့အော်သံပြန်ကြားရသည်။ နှစ်ကောင်းလုံးအိမ်မှာစာလုပ်နေကြတာလို့ထင်လိုက်တဲ့သူ့အ​တွေးကမှန်ကန်​နေသည်။

"ဟာ အစ်ကိုကြီးဘာကိစ္စ"

"မင်းတို့နှစ်ကောင်ဆီတမင်သက်သက်လာတာ"

သူကျောင်းအပ်လာတယ်လို့အသိပေးချင်တာကတစ်ကြောင်း၊ စာကိုသေချာရောကျက်နေကြရဲ့လားလို့သိချင်တာကတစ်​ကြောင်းမို့ရောက်လာခဲ့သည်။

Summertimes Sunset Dreaming 💙 [COMPLETED]Donde viven las historias. Descúbrelo ahora