31~Luckily enough I learned to hide my feelings~

383 25 0
                                    

~As long as he is happy, as long as he is by my side, my feelings for him don't matter~

မြူမိုင်းဒီနေ့အလုပ်မသွားရဘဲနိုင်းကနားခိုင်းထားတာကြောင့်သူအိမ်မှာတစ်ယောက်တည်းပျင်းနေသည်။ မြင့်မိုရ်ကိုဖုန်းမခေါ်တာကြာပြီကိုသတိရလိုက်တော့သူမြင့်မိုရ်ကိုဖုန်းခေါ်လိုက်သည်။ မြင့်မိုရ်ကတော့သူခေါ်တာနဲ့ချက်ချင်းကိုတန်းပြီးကိုင်သည်။

"ဟယ်လို"

"ဟယ်လိုမ​နေနဲ့။ ဖုန်းခေါ်ဖို့သတိရသေးတယ်နော်"

"မင်းအလုပ်ရှုပ်နေမှာစိုးလို့ငါမခေါ်ခဲ့တာ"

"အလုပ်ရှုပ်ပေမယ့်လည်းမင်းဆက်ရင်ငါကိုင်နိုင်ပါတယ်။ အပိုတွေလုပ်ပြီးပြောပြီ"

"မနက်ဖြန်ကျောင်းတက်ရတော့မှာနော်"

"အင်း။ ဘာတွေပြင်ဆင်နေလဲ"

"ဘာပြင်ဆင်စရာရှိလဲ။ ပုံမှန်ပဲပေါ့"

"နည်းနည်းပါးပါးလည်းပြင်ဆင်ဦးမှပေါ့။ ​စောလေးဘာလေးရအောင်"

သူ့ကိုစပြီးမြင့်မိုရ်ကတော့အားရပါးရရယ်နေနိုင်သည်။ သူ့စိတ်ကိုသိမှမသိကြတော့လည်းစနောက်ရတာပျော်စရာတော့ကောင်းနေကြမှာပေါ့။ မြူမိုင်းအတွက်မိန်းကလေးတွေကစိတ်ဝင်စားဖို့မကောင်းဘူးလားလို့မေးရင်မဟုတ်ဘူးလို့တော့သူမဖြေနိုင်ဘူး။ သူတို့လိုယောကျာ်းသဘာဝနဲ့မွေးဖွားလာတဲ့သူ​တွေအတွက်ကမိန်းကလေးသာလျှင်ဆွဲဆောင်မှုဖြစ်သည်။ အစကသူလည်းအဲ့လိုခံယူထားပေမယ့်နိုင်းနဲ့တွေ့တော့မှသူပြောင်းလဲသွားသည်။

"မင်းအလုပ်ရော"

"နိုင်းကအချိန်ပိုင်းနှစ်ယောက်တောင်ထပ်ငှားလိုက်တယ်"

"အဲ့ဒါဆိုမင်းရော...မခန့်တော့ဘူးတဲ့လား"

"အဲ့လိုမဟုတ်ဘူး။ ငါကအရင်လိုညပိုင်းဂျူတီပြန်ဖြစ်သွားတယ်"

"တော်သေးတယ်။ ကိုနိုင်းမာန်တို့ကစိတ်ကောင်း​ကြပါတယ်။ မင်းကိုပစ်ထားကြမှာမဟုတ်ဘူး"

"အဲ့ဒါကြောင့်ငါဝန်လေးတယ်။ သူတို့ရဲ့ကျေးဇူးကိုလစ်လျူရှုပြီးငါ့ရဲ့ခံစားချက်ကိုဦးစားမပေးနိုင်ဘူး..ဘယ်တော့မှ။ ကျိန်းသေပေါက်ကျေးဇူးပြန်ဆပ်မှာပါ"

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now