~The Kindness means scary for me~
မနက်ဖြန်ကိုသူအင်တာဗျူးဝင်ရမယ်ကိုတွေးပြီးမြူမိုင်းနည်းနည်းတော့ကြောက်နေမိသည်။ သူ့မှာအတွေ့အကြုံတစ်ခုမှမရှိနေတော့ဒီအလုပ်ကိုသူရနိုင်ပါ့မလားလို့လည်းစိုးရိမ်စိတ်ရှိနေတာကြောင့်တစ်ညလုံးကောင်းကောင်းတောင်သူအိပ်မပျော်ခဲ့ဘူး။ ချိန်းထားတဲ့မနက်ခင်းကိုရောက်လာရောမြူမိုင်းတစ်ယောက်သိသိသာသာကိုရန်တုန်လို့နေသည်။ ထွက်လာတဲ့လမ်းတလျှောက်လုံးလည်းဒီအလုပ်ကိုရပါစေလို့ဆုတောင်းနေမိသည်။ ဆိုင်မဖွင့်ခင်လာခဲ့လို့မှာထားတာကြောင့်ဒီချိန်လောက်ဆိုအတော်ပဲလို့တွေးပြီးထွက်လာခဲ့ပေမယ့်တကယ်တမ်းရောက်လည်းရောက်လာရောအရမ်းများစောနေသေးလားဆိုတဲ့အတွေးကဝင်လာပြန်သည်။ အဲ့လိုနဲ့ဆိုင်ရှေ့မှာ'အခုဝင်သွားရင်ကောင်းမလား' 'မဝင်သေးဘဲခဏစောင့်လိုက်ရင်ကောင်းမလား' ဆိုတဲ့အတွေးနှစ်ခုကြားမြူမိုင်းတစ်ယောက်ဗျာများလို့နေသည်။ ဆိုင်တံခါးရှေ့မှာရင်တုန်တုန်နဲ့ရပ်နေရင်းသူ့နောက်ကလူတစ်ယောက်ရောက်လာတာကိုမြူမိုင်းသတိမထားမိလိုက်ဘူး။
"မဝင်ဘူးလား"
နောက်ကနေရုတ်တရက်ကြီးအသံကြားလိုက်တော့မြူမိုင်းတစ်ကယ်လန့်သွားသည်။ အစကတည်းကရင်တုန်နေရတာကအခုတော့ပိုအားဖြည့်ထားသလိုဖြစ်သွားတော့သည်။ သူကြားလိုက်ရတဲ့အသံကြောင့်ဘယ်သူဆိုတာကိုမမြင်ရသေးပေမယ့်လည်းသိလိုက်သည်။ မနေ့ကတွေ့ခဲ့စကားပြောခဲ့တဲ့သူကသူ့နောက်ကနေကျော်တက်သွားပြီဆိုင်ထဲဝင်သွားသည်။ သူ့ကိုဝင်ခဲ့ဖို့ဖိတ်ခေါ်လာသည်။
"ဘာလုပ်နေတာလဲ။ ဝင်လာလေ"
သူ့ပုံစံကိုသိပ်သဘောမကျသလိုရှိတာကိုသိပေမယ့်လို့အားတင်းပြီးဝင်သွားလိုက်သည်။ မနေ့ကအင်တာဗျူးလက်ခံလိုက်တယ်ဆိုတာလည်းမြင့်မိုရ်ကြောင့်မှန်းမြူမိုင်းသိသည်။ သူကမြင့်မိုရ်လိုမျိုးသွက်သွက်လက်လက်မရှိတာကြောင့်တော်တော်များများသူ့ကိုသဘောမကျတာကိုနေသားကျနေခဲ့တာကြာပြီဖြစ်လို့စိတ်ထဲမထားခဲ့ပေမယ့်အခုတော့စိတ်ထဲရှိနေသည်။
ВЫ ЧИТАЕТЕ
Summertimes Sunset Dreaming 💙 [COMPLETED]
Любовные романы"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)