11~Living Together~

676 36 0
                                    

~It's not a fate, it's not an accident. It's REALITY~

နွယ်ဒီနေ့အရမ်းလှနေသည့်အကြောင်းအရာကတော့ကိုရှင်းဘက်ကသူ့ကိုစပြီးတွေ့ဖို့တောင်းဆိုထားတာကြောင့်ဖြစ်သည်။ ဆိုင်ကိုသူရောက်လာကတည်းကနိုင်းမာန်နဲ့မင်းမာန်ကသူ့ကိုဝိုင်းစနေကြသည်။ ဘယ်သူနဲ့ချိန်းထားတာမို့ဒီလောက်ထိပြင်ဆင်လာလဲလို့ဝိုင်းပြောနေကြသည်။ သူ့တဖက်သတ်အချစ်ဖြစ်တာမို့ဘယ်သူ့ကိုမှမပြောပြချင်ခဲ့ဘူး။ ဝိုင်းပြီးစနောက်နေကြတဲ့အပေါ်မှာလည်းနွယ်ဘယ်လိုမှမခံစားရဘူး။ ဘာကြောင့်လဲဆိုတော့သူတို့အမြင်မှာကိုယ်ကပုံမှန်ထက်လှနေတယ်လို့မြင်တာမို့ဖြစ်သည်။ နွယ်ဘယ်အရာမဆိုအကောင်းဘက်ကပဲ​ကြည့်သည်။ ပုံမှန်ဆိုမပြင်မဆင်ဘဲလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးအဝတ်အစားသာသူဝတ်စားနေကြဖြစ်သည်။ ဒီနေ့​တော့အနည်းငယ်အာရုံစိုက်ထားတာကြောင့်လှပတဲ့မိန်းကလေးတစ်ယောင်အသွင်ဖြစ်နေသည်။

မိုင်းအခုမှသိသွားခဲ့သည်။ အရင်တစ်​ခေါက်ကတည်းကအစ်မကသူ့ကို 'နောက်ထပ်တွေ့မယ်နော်' ဆိုတဲ့စကားတစ်ခွန်းချန်ထားခဲ့တုန်းကခေါင်းထဲမှာတွေးမိတာကနောက်တစ်ခေါက်ဆိုင်ကပြန်လာမယ်လို့ပဲထင်ခဲ့သည်။ မိုင်းဒီမှာအလုပ်လုပ်နေတဲ့နှစ်လနီးပါးလောက်မှာဒီဆိုင်ရဲ့လည်ပတ်ပုံနဲ့ဆိုင်ကလူတွေကိုသေချာမှတ်မိလာသလောက်ရှိလာသည်။ ဘယ်လိုမျိုးတော်စပ်မှန်းတော့မသိပေမယ့်အစ်မကသူ့ဆိုင်ရှင်နဲ့တော့တော်တော်ရင်းနှီးသည်။

"နင်ဘယ်သူနဲ့ချိန်းထားတာလဲ။ မှန်မှန်ပြောနော်။ မဟုတ်ရင်စိုင်းကိုလှမ်းပြောလိုက်မှာ"

"နင်တို့ကလည်းငါ့ကိုအလွတ်မပေးဘူး။ ကိုရှင်းနဲ့..ရပြီလား"

"ဘာကိစ္စလဲ"

"ငါ့ကိစ္စဟေ့ငါ့ကိစ္စဟ.."

ကိုရှင်းခန့်နဲ့နွယ်ကငယ်ငယ်လေးကတည်းကမိသားစုချင်းပါရင်းနှီး​ကြတဲ့သူတွေဖြစ်သည်။ နွယ်ရဲ့အကူအညီနဲ့ပဲသူကိုရှင်းခန့်ဆီမှာစိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုကိုခံယူဖြစ်ခဲ့သည်။ နွယ်ကကိုရှင်းခန့်ကိုကြိုက်နေမှန်းနိုင်းမာန်ရိပ်မိပေမယ့်တိတ်တိတ်​လေးသာနေခဲ့သည်။ သူ့သူငယ်ချင်းစိုင်းခန့်​သော်အတွက်တော့နိုင်းမာန်တစ်ကယ်စိတ်မကောင်းဘူး။

Summertimes Sunset Dreaming 💙 [COMPLETED]Onde histórias criam vida. Descubra agora