20~I smile not for that I'm happy~

564 30 0
                                    

Forcing yourself to smile is painful~

ညနေကတော်တော်နောက်ကျတဲ့ထိရေဆော့ထားကြတာကြောင့်မြင့်မိုရ်သူ့ထက်တောင်အစောကြီးအိပ်ပျော်သွားသည်။ ​မြူမိုင်းညနေစားပြီးတာနဲ့ချက်ချင်းတန်းမအိပ်ချင်တာကြောင့်အပြင်ဘက်ကိုလမ်းလျှောက်ထွက်လာခဲ့သည်။ အပြင်ဘက်မှာပင်လယ်​ရေလှိုင်းလှုပ်ခတ်သံတွေကြားမှာပင်လယ်လေတဖြူးဖြူးကချမ်းစိမ့်စိမ့်လေးခံစားရသည်။ ညဘက်ကောင်းကင်ကို​မော့ကြည့်လိုက်တော့ကြည်လင်ရှင်းလင်း​နေပြီးလမင်းကြီးကတောက်ပစွာလင်းနေတဲ့ကြားကကြယ်တွေလည်းစုံလင်နေခဲ့သည်။

နွေရာသီကအရမ်းပူတယ်ဆိုပေမယ့်ဒီနေရာလေးကညဘက်ဆို​​လေထုကအေး​အေး​လေးနဲ့လူကိုလန်းဆန်း​စေတာကြောင့်မြူမိုင်းသဘောကျသည်။ သူအကျီလက်ပြတ်လေးဝတ်ပြီးထွက်လာမိတာတောင်နည်းနည်းနောင်တရချင်သွားပေမယ့်ဒီလိုအေးချမ်းမှုကို​မြူမိုင်းနှစ်သက်တာကြောင့်အနီးအနားကိုဆက်လျှောက်နေလိုက်သည်။

နိုင်းမာန်အိပ်ယာဝင်မလို့လုပ်နေတဲ့အချိန်မှာကလေးညနေကနေသိပ်မကောင်းတဲ့ပုံစံကိုမြင်ယောင်လိုက်တာကြောင့်အရင်ဆုံးကလေးရဲ့အခြေအနေကိုသွားကြည့်ဖို့လုပ်လိုက်သည်။ သူကလေးရဲ့အခန်းရှေ့ကိုရောက်လို့တံခါးခေါက်ပေမယ့်ဘယ်သူမှလည်းမထူး၊ တံခါးကလည်းပွင့်မလာတာကြောင့်အိပ်ပြီလားလို့ထင်လိုက်တာကြောင့်သူပြန်လှည့်လာခဲ့သည်။ သူ့မျက်လုံးကအကြည့်ရောက်လို့ပင်လယ်ဘက်ကိုလှမ်းကြည့်လိုက်တော့ပင်လယ်ကမ်းစပ်တစ်​လျှောက်မှာကလေးရှိ​တောကိုသူ​မြင်သွားသည်။ ကလေးလမ်းလျှောက်နေတာကိုမြင်တော့နိုင်းမာန်အဲ့ဒီကိုလျှောက်ထွက်လာသည်။

ကလေးကရှေ့ကနေဖြေးဖြေးမှန်မှန်နဲ့ပင်လယ်ဘက်ကိုကြည့်ရင်းလျှောက်နေတာလေးကအပူအပင်ကင်းတဲ့ပုံပေါက်သည်။ က​လေးကသူ​နောက်က​နေလိုက်လာတာကိုသတိမထားမိသေးတာကြောင့်နိုင်းမာန်ဒီအတိုင်းပဲဆက်လိုက်လာခဲ့သည်။ နည်းနည်းကြာလာတော့ကလေးကသူ့ကိုလှည့်ကြည့်လာပြီးသူ့ကိုမြင်တော့လန့်သွားသည်။

"နိုင်း"

"အင်း"

"ကျွန်တော့နောက်ကိုလိုက်လာတာလား"

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now