40~I'll try to make you happy~

439 30 2
                                    

~Only laugh when you are happy in the future, I will try to make you happy~

ဒီတစ်ပတ်ရက်​ကြီးပိတ်ရက်ကိုသူနဲ့နိုင်းနှစ်ယောက်ဆိုင်ကလိုအပ်နေတဲ့ပစ္စည်းတွေအတွက်စျေးဝယ်ထွက်ဖို့ဖြစ်လာသည်။ အမြွှာအစ်ကိုတို့ကတော့အေးအေးဆေးဆေးအိမ်မှာပဲကျန်ခဲ့သည်။ ထူးထူးဆန်းဆန်းသူတို့နှစ်ယောက်တည်းအပြင်ထွက်တာကိုဘယ်သူကမှတော့သတိမထားမိကြဘူးလို့ထင်တာပဲ။

"ကလေးကားပေါ်တက်"

"နိုင်း..ခဏလေး"

"ဘာကျန်ခဲ့လို့လဲ"

"ပိုက်ဆံအိတ်"

နိုင်းကသူ့ကိုလတိုင်းသုံးဖို့မုန့်ဖိုးပေးထားတဲ့ပိုက်ဆံကိုမြူမိုင်းသိမ်းထားတာရှိသည်။ အခုလိုအပြင်ထွက်ရတဲ့နေ့တွေမှာသူသုံးဖို့ဖြစ်သည်။

"ကိုယ့်မှာအလုံအလောက်ပါတယ်။ ကလေးလိုသ​လောက်ကိုယ်ပေးမယ်"

"ကျွန်တော့်ကိုယ်ပိုင်ပိုက်ဆံနဲ့ပဲသုံးချင်တယ်"

"ခေါင်းမာတာပဲ။ ဒါဆိုရင်ဒီလိုလုပ်..။ ကိုယ်ချေးထားပေးမယ်။ ပြီးမှပြန်ဆပ်"

သူအဲ့လိုပြောတော့မှကလေးကသူ့ကိုခေါင်းညိမ့်ပြသည်။ ဘယ်သူနဲ့တူမှန်းမသိဘဲတော်တော်​လေးတော့ခေါင်းမာလှသည်။ တစ်ကယ်တော့သူကလေးကိုအပြင်ထွက်ဖို့ခေါ်တာကသူတို့နှစ်ယောက်တည်းရှိတဲ့အချိန်ကိုဖန်တီးချင်တာဖြစ်သည်။ ကလေးကအမြဲအိမ်နဲ့ကျောင်း၊ ကျောင်းနဲ့ဆိုင်လည်ပတ်နေပြီးသူကတော့အမြဲအိမ်နဲ့ဆိုင်ပဲလည်ပတ်နေရတော့သူတို့ဆက်ဆံရေးကအသစ်အဆန်းမရှိဘဲပုံမှန်ပဲလည်ပတ်နေသလို​ဖြစ်​နေတာကြောင့်နိုင်းမာန်အသစ်အဆန်းဖန်တီးချင်တာကြောင့်စီစဥ်လိုက်တာ​ဖြစ်သည်။

"နိုင်း"

"ဟင်"

"ဒီနေ့ဘာဝယ်စရာရှိတာလဲ။ အရင်တုန်းကဆိုနိုင်းကတစ်ယောက်တည်းသွားနေကြမဟုတ်ဘူးလား"

"ကိုယ်ကကလေးနဲ့တူတူရှိချင်လို့လေ။ မကြိုက်ဘူးလား"

"ကြိုက်တယ်"

ကလေးကသူ့ကိုရုပ်တည်ကြီးနဲ့ပြန်ဖြေနေတာကိုတောင်မှနိုင်းမာန်သဘောကျသည်။ က​လေးကသူ့ရဲ့ခံစားချက်ကိုထုတ်ဖော်မပြပေမယ့်လည်းနိုင်းမာန်မြင်တွေခံစားနေရတာကြောင့်ကလေးရဲ့အခုလိုအပြုအမူနဲ့တင်သူလုံလောက်သည်။

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now