4~Being alone again~

749 46 0
                                    

~Because I don't deserve it?~

အမြွှာတို့တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေနေတာဒီရက်နဲ့ဆိုနှစ်ရက်မြောက်နေ့လည်းဖြစ်သည်။ သူ့ကိုလိုက်မပို့လည်းရတယ်လို့ပြောပေမယ့်အိမ်မှာသူရှိနေရင်လည်းရင်ပူရမယ့်တူတူလိုက်လာခဲ့သည်။

"ဒီနေ့ရောဘယ်လိုလဲ"

"အို​ကေတယ်"

အငယ်ကောင်ကအကြီးကောင်ထက်ဥာဏ်ပိုကောင်းသည်။ ပိုပြီးတွေးခေါ်တတ်သည်။

"အကြီးကောင်ရော"

"ကျွန်တော်နည်းနည်းတော့ကြောက်တယ်။ အင်္ဂလိပ်စာဆိုအားနည်းလို့.."

"အများကြီးမစဥ်းစားနဲ့။ ကိုယ်ကျက်မှတ်ထားတာကိုလည်းအစဥ်းစားလွန်ပြီးမမေ့ပစ်နဲ့။ စိတ်အေးအေးထားပြီးဖြေ"

"ဟုတ်"

"အစ်ကို့တုန်းကရောဘယ်လိုဖြစ်နေခဲ့လဲ။ ရင်မတုန်ခဲ့ဘူးလား"

"တုန်တာပေါ့။ အမေကဒီလိုပဲဘေးကနေစိတ်အေးအေးထားပြီးဖြေဖို့အားပေးတယ်။ ဒါကြောင့်ကျော်ဖြတ်နိုင်ခဲ့တယ်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအတွက်အားမရတဲ့အခါကျတော့သိမ်ငယ်မှုဆိုတာဝင်လာတတ်တယ်။ ဒါပေမယ့် သိမ်ငယ်မှုဆိုတာမျိုးကမကြိုးစားတဲ့လူတွေမှာပဲရှိသင့်တယ်"

အမေနဲ့အဖေသားတို့ကိုကြည့်နေမလား။ အစ်ကို့ကိုနှစ်သိမ့်ပေးခဲ့သလိုမျိုးအခုအချိန်မှာအမေသားတို့ဘေးမှာရှိနေခဲ့ရင်ဘာများပြောနေလိမ့်မလဲ။ အစ်ကို့ကိုသားတို့အတွက်ထားခဲ့ပေးလို့အမေ့ကိုကျေးဇူးတင်တယ်။ အဖေနဲ့အမေသားတို့ကိုကံကောင်းအောင်ဆုတောင်းပေးပါ။ သားတို့အများကြီးကြိုးစားမှာပါ။

"အငယ်ကောင်ဘာတွေတွေးနေတာလဲ"

"ဘာမှမဟုတ်ဘူး။ စာတွေကိုခေါင်းထဲမှာစီပြီးတစ်ခုချင်းစီအသေးစိတ်မှတ်နေတာ"

"မင်းကစက်ရုပ်လား။ အဲ့လိုစီပြီးထည့်လို့ရကြေးဆိုအခုချိန်မင်းသိပ္ပံပညာရှင်တောင်ဖြစ်လောက်ပြီ"

"ကျက်ထားတဲ့စာတွေကိုပြောတာလေ။ ပြီးတော့စက်ရုပ်လိုဦးနှောက်မဟုတ်လည်းသိပ္ပံပညာရှင်မဖြစ်နိုင်ဘူးလို့မင်းကိုဘယ်သူကပြောလဲ"

Summertimes Sunset Dreaming 💙 [COMPLETED]Donde viven las historias. Descúbrelo ahora