23~Let's keep this Feeling as a secret~

413 33 0
                                    

~These are so many questions in my head, the answers I won't get~

ကားတောက်​​လျှောက်စီး​ပြီးည​နေပိုင်း​လောက်မှာသူတို့အိမ်ပြန်ရောက်လာကြသည်။ ကိုယ်စီကိုယ်စီကပင်ပန်းထားတဲ့ဒဏ်ကြောင့်ကိုယ့်အခန်းကိုယ်အပြေးအလွှားရောက်သွားကုန်ကြသည်။ နိုင်းမာန်မှာ​တော့ပါလာတဲ့ပစ္စည်းတွေကိုနေရာချ​ပြီးအိမ်ကိုလည်းအနည်းငယ်သန့်ရှင်းရေးလုပ်နေခဲ့သည်။ သူတို့အိမ်မှာသုံးလေးရက်နီးပါးမရှိခဲ့တော့သန့်ရှင်းရေးလုပ်လိုက်မှအဆင်ပြေလောက်မှာမို့တစ်ခြားသူကိုလည်းမခိုင်းတော့ဘဲသူပဲအကုန်လုံးကိုလုပ်သည်။ နိုင်းမာန်အခုထိ​တော့အဝတ်လေးပဲလဲထားပြီးထမင်းဟင်းချက်တာရောသန့်ရှင်းရေးရောလုပ်နေရသည်။

မြူမိုင်းအိမ်ပြန်ရောက်ရောက်ချင်းအရင်ဆုံးကိုယ့်ကိုယ်ကိုယ်လန်းဆန်းသွားအောင်လုပ်ချင်ခဲ့သည်။ အဲ့ဒီစိတ်နဲ့ပဲအခန်းထဲအပြေးအလွှားဝင်သွားခဲ့သည်။ သက်တောင့်သက်သာရှိတဲ့အိမ်ရဲ့အရသာကိုခံစားတတ်ချိန်မှာတစ်ခြားနေရာတွေကစိတ်ထဲကျဥ်းကျပ်နေပြီးနေရတာသက်တောင့်သက်သာမရှိဘူးဆိုတာကိုနားလည်လာသည်။ အိမ်ဆိုတဲ့နွေးထွေးမှုကိုလည်းဖြေးဖြေးချင်းသဘောပေါက်လာခဲ့သည်။ သူရေမိုးချိုးသန့်စင်လို့အပြီးမှာတော့အခန်းထဲကနေထွက်လာခဲ့သည်။

"နိုင်း"

အပြင်မှာနိုင်းကအပေါ်ဝတ်လောက်ပဲလဲပြီးအိမ်မှုကိစ္စလုပ်နေတာကိုမြင်လိုက်ရသည်။ သူခုနကအိမ်ထဲဝင်လာတဲ့​လေထုနဲ့အခုအိမ်ထဲမှာရှိတဲ့လေထုကတစ်ခြားဆီဖြစ်နေခဲ့သည်။ နိုင်းကိုကြည့်တော့လည်းတော်တော်ကြိုးစားထားမှန်းသိသာနေသည်။

"ကလေးရေချိုးပြီးပြီလား"

"ဟုတ်"

"ကိုယ်ဟင်းနည်းနည်းပါးပါးတော့ပြင်ထားတယ်။ ကိုယ့်အတွက်မြည်းကြည့်ပေးမလား"

"ဟုတ်"

နိုင်းကဟင်းခတ်ဇွန်းလေးနဲ့သူမြည်းဖို့ခပ်ပေးပြီးပူမှာစိုး၍မှုတ်ပေးသေးသည်။ သူ့မြည်းကြည့်တာကိုနိုင်းက​မျှော်လင့်တ​ကြီးနဲ့မျက်လုံးတလက်လက်နဲ့ကြည့်နေသေးတာကြောင့်နိုင်းကတစ်ခါတစ်​လေချစ်ဖို့ကောင်းတာပဲလို့မြူမိုင်းတွေးလိုက်မိတော့အတွေးကစိတ်ကိုပျော်ရွှင်လာစေသည်။ သူလုံးဝကိုပြုံးလိုက်မိသည်။ ဒါပေမယ့်သူ့ကိုယ်သူ​တောင်သတိမထားမိဘူး။

Summertimes Sunset Dreaming 💙 [COMPLETED]Donde viven las historias. Descúbrelo ahora