2~Am I real or fake?~

1.3K 69 4
                                    

~I need to cry but I don't know how to let the tears flow~

Myuu Mild-မြူမိုင်း(အသက်၁၂နှစ်)

သူ့ရဲ့ပတ်ဝန်ကျင်ကသူ့အတွက်တော့သိပ်ကိုမှောင်မိုက်လွန်းခဲ့သည်။ လူတိုင်းလူတိုင်းအတွက်အိမ်ဆိုတာမျိုးကလုံခြုံစိတ်ချရပြီးနွေးထွေးမှုအပေးဆုံး​နေရာဖြစ်ပေမယ့်လို့သူ့အတွက်ကတော့အေးစက်မှုတွေနဲ့ပြည့်နှက်နေတဲ့ရေခဲပြင်ကြီးလိုပဲနွေးထွေးမှုကင်းမဲ့လှ​သော​နေရာ​ဖြစ်သည်။ ဒီအိမ်ကိုသူရောက်လာခဲ့တာကခြောက်နှစ်တာကာလအထိ​တောင်ရှိခဲ့ပြီဖြစ်သည်။ ခြောက်နှစ်တာကာလအတွင်းမှာသူ့အတွက်တော့တစ်ရက်တစ်ရက်သည်အရမ်းကိုအချိန်ကုန်နှေးလွန်းခဲ့သည်။ သူသည်အများစုသတ်မှတ်ထားသည့်လူနဲ့မလိုက်အောင်ရင့်ကျက်နေတယ်လို့ဆိုရလောက်တဲ့ထိအသက်ဆယ့်နှစ်နှစ်အရွယ်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဖြစ်သည်။ ရင့်ကျက်တယ်ဆိုသည်မှာလည်းသူ့အတွက်တော့ခန္တာကိုယ်ကမဟုတ်ဘဲစိတ်ပိုင်းဆိုင်ရာသာဖြစ်မည်ထင်သည်။

ကျွန်တော့်အသက်ငါးနှစ်အရွယ်မှာမွေးစားမိဘတွေကကျွန်တော့ကိုတရားဝင်သူတို့သားအ​ဖြစ်နဲ့မွေးစားခဲ့သည်။ အခုတော့ကျွန်တော့်အသက်ဆယ့်နှစ်နှစ်ရှိပြီဖြစ်လို့ကျွန်တော်အတွက်တော့မွေးစားမိဘတွေကကျွန်တော့ရဲ့မိသားစုဝင်ဖြစ်သည်။ ခုနှစ်နှစ်တာကာလအတွင်းမှာလည်းဒီမိသားစုနဲ့နေသားကျဖို့ကျွန်​တော်အရမ်းကိုကြိုးစားခဲ့သည်။ ကျွန်တော့်အပေါ်အရုပ်တစ်ရုပ်သာသာသာဆက်ဆံတဲ့ကျွန်​တော့်ရဲ့မွေးစားမိဘတွေကကျွန်​တော့်ကိုအ​တော်​လေးဂရုစိုက်ခဲ့ကြပါသည်။ ဒါပေမယ့်သူတို့ရဲ့ဂရုစိုက်မှုကတစ်ကယ့်ကိုအစစ်အမှန်လား။ ဒါမှမဟုတ်အတုအယောင်လားဆိုတာကိုငယ်ရွယ်​နေတုန်းက​တော့ကျွန်တော်သဘောမပေါက်ခဲ့ဘူး။ အခုတော့အရာရာကိုဆုံးဖြတ်နိုင်စွမ်းရှိလာ​ပြီ​ဖြစ်တာမို့ကျွန်​တော်သဘောပေါက်စပြုလာခဲ့သည်။

"သားလေးကအရမ်းလိမ္မာတာပဲ။ ဖေကြီးကြည့်ပါဦး..အမြဲပထမပဲ"

ကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်လို့ကျွန်တော်ယူဆထားတာကြောင့်ကျွန်တော်သူများထက်ပိုပြီးကြိုးစားသည်။ သူရဲ့ကြိုးစားမှုကိုအသိအမှတ်ပြုပေးမှာပဲလို့တွေးမိတော့ပိုကြိုးစားခဲ့သည်။ သူသည်သူများထက်အခြေအနေချို့ယွင်းတာကြောင့်ပိုကြိုးစားရမယ်လို့ကိုယ်ကိုယ်ကိုယ်အမြဲတမ်းသတိပေးဖြစ်သည်။ အတုအယောင်မဟုတ်တဲ့တစ်ကယ့်အစစ်အမှန်​မိသားစု​လေးတစ်ခုဖြစ်ချင်၍သက်သေပြဖို့ကျွန်​တော်ပိုကြိုးစား​ဖြစ်သည်။

Summertimes Sunset Dreaming 💙 [COMPLETED]Donde viven las historias. Descúbrelo ahora