39~It's hard to see what's coming ahead in our lives ~

405 26 2
                                    

~You're the only light in my life. You're like a Bright Moon that appears in the sky~

မြူမိုင်းအခန်းထဲကိုရောက်တာနဲ့အိပ်ယာတန်းဝင်တော့သည်။ သူငိုထားရသလောက်လည်းခေါင်းကအုံခဲပြီးလေးလံနေသည်။ ဘာမှဆက်လုပ်ချင်ကိုင်ချင်စိတ်မရှိလောက်အောင်ပင်ပန်းနေသည်။ သူ့နောက်ကိုနိုင်းကလိုက်လာသည်။ နိုင်းကသူ့အခန်းထဲကိုလိုက်ဝင်လာတာကိုလည်းသူသိသည်။ နိုင်းကသူ့ဘေးမှာအသာအယာလှဲအိပ်ပြီးသူ့ကို​ညင်ညင်သာသာ​လေးပွေ့ဖက်ပေးထားသည်။ ဒါပေမယ့်နိုင်းကိုမြူမိုင်းကျောခိုင်းထားဆဲပဲ။ အဲ့အတိုင်းလေးပဲသူအိပ်ပျော်သွားခဲ့တယ်ထင်သည်။ မနက်သူနိုးလာတော့သူ့မျက်လုံးနှစ်ဖက်လုံးယောင်နေသည်။

သူထလာတော့နိုင်းကိုသူ့ဘေးမှာမမြင်တော့ဘူး။ အိမ်မှာလည်းရှိမနေတာမို့ဆိုင်ရောက်သွားပြီထင်သည်။ သူထလာတာနဲ့ကျောင်းသွားဖို့ပြင်ဆင်ပြီးသူ့ရဲ့ဖောင်းနေတဲ့မျက်လုံးကိုရေခဲကပ်ရတော့သည်။ မနက်စာကတော့ထုံးစံအတိုင်းပဲရှိနေသည်။ သူ့အတွက်နိုင်းကစာတစ်စောင်လည်းချန်ခဲ့သေးသည်။ နိုင်းချန်ထား​ပေးတဲ့စာကိုမြူမိုင်းဖတ်ကြည့်လိုက်သည်။

„ ကိုယ်မနေ့ကပြန်လိုက်ပို့နိုင်တာကိုတောင်းပန်ပါတယ်။ ကလေးကိုအော်ငေါက်ခဲ့မိတဲ့အတွက်လည်းတောင်းပန်တယ်။ ကိုယ့်ကြောင့်စိတ်ဆင်းရဲစရာတွေများသွားရင်လည်းတောင်းပန်တယ်။ ကိုယ့်ကိုခွင့်လွှတ်ပေးမယ်မလား „

စာရဲ့အောက်ဆုံးနားလေးမှာနိုင်းကသူ့ကိုတောင်းပန်နေတဲ့ပုံစံကာတွန်းရုပ်​ပြပုံလေးကိုတောင်ဆွဲခဲ့သေးသည်။ ပုံကိုတွေ့တော့မြူမိုင်းမဆိုသလောက်လေးနှုတ်ခမ်းထောင့်စွန်းလေးကအပေါ်ဘက်ကိုတွန့်တက်လာသည်။ နိုင်းကအ​မြဲပဲသူ့ကိုအရင်တောင်းပန်စကားပြောတတ်သည်။ နိုင်းကိုတောင်းပန်ရအောင်သူအမြဲလုပ်မိနေသလိုပဲမို့မြူမိုင်းအားနာလာသည်။ သူ့ရဲ့ခံစားချက်အတိုင်းကိုနိုင်းကလိုက်ပြီးတောင်းပန်နေတာမျိုးတော့သူမလိုချင်ဘူး။

သူကျောင်းသွားဖို့အိမ်ကထွက်လာပြီးဆိုင်ရှေ့ကိုရောက်တော့နိုင်းကသူ့ကို​စောင့်​နေခဲ့တဲ့အတိုင်းပဲနှုတ်ဆက်လက်လှမ်းပြသည်။ အဝေးကနေအသံမထွက်ဘဲတစ်လုံးချင်းစီသူ့ကိုကောင်းကောင်းသွားလို့ပြောလာသည်။ နိုင်းကိုမြူမိုင်းခေါင်းညိမ့်ပြလိုက်ပြီးသူကျောင်းကိုစိတ်သက်သက်သာသာနဲ့ရောက်လာသည်။

Summertimes Sunset Dreaming 💙 [COMPLETED]Tempat cerita menjadi hidup. Temukan sekarang