16~I'm happy beside you~

579 32 0
                                    

~I think the most I hope from you is to be able to smile brightly one day~

သူတို့နှစ်ယောက်နောက်တစ်ပွဲမှာအာရုံရောက်နေကြတာကြောင့်အိမ်ပြန်ရောက်လာတဲ့အမြွှာကိုတောင်မနှုတ်ဆက်ဖြစ်ဘူး။ ဘယ်အချိန်ဖြစ်သွားမှန်းဆိုတာကတော့အမြွှာတို့ပြန်ရောက်လာတဲ့အချိန်ပေါ်မှန်းကြည့်ရင်သိနိုင်သည်။

"အစ်ကိုတို့ဘာလုပ်နေကြတာလဲ"

"ဆော့နေတာလေ"

"ဟုတ်လှချည်လား။ အရင်တုန်းကတော့အဖေနဲ့ဆော့တာပဲမြင်ဖူးတာ"

သူကဘာရည်ရွယ်ချက်မှမပါဘဲပြောလိုက်တာဆိုပေမယ့်အငယ်ကောင်ကတော့သူ့ကိုတံတောင်နဲ့တွတ်နေပြီဖြစ်သည်။ ထို့ကြောင့်စကားမှားသွားမှန်းသတိထားမိသည်။ သို့သော်အစ်ကိုပုံစံမပျက်သွားဘဲကစားပွဲအပေါ်အာရုံစူးစိုက်မှုအပြည့်ဖြစ်သည်။

"မိုင်းလေး..ဘယ်သူနိုင်နေလဲ"

မိုင်းကတော့သူ့ရှေ့ကသူကိုသာမေးငေါ့ပြလိုက်သည်။ သူပြောတာကိုအမြွှာတွေတော့သဘောပေါက်သည်။

"သွားနားတော့လေ။ အချိန်လည်းမနည်းတော့ဘူး။ အစ်ကိုတို့လည်ဒါပြီးရင်အိပ်တော့မှာ"

"ဟုတ်။ တက်နှင့်ပြီ"

ဒီတစ်ခါလည်းနိုင်းမာန်ပဲနိုင်သည်။ ထို့ကြောင့်​မြူမိုင်းကနိုင်းအပေါ်ဆပ်စရာအကြွေးနှစ်ခု​တောင်တင်သွားသည်။ သူအခန်းထဲပြန်ရောက်သည့်တိုင်အိပ်လို့မပျော်ဘဲစဥ်းစားမိနေသည်။ နိုင်းတို့မိသားစုအကြောင်းသူနေလာတာတစ်လကျော်ရှိသည့်တိုင်ဘာတစ်ခုမှမသိရသေးဘူး။ သိချင်လားဆိုတော့လည်းအဲ့လောက်ထိသိချင်တာမျိုး​တော့မဟုတ်ဘူး။ တစ်ကယ်လို့သူသာသိချင်ခဲ့တယ်ဆိုရင်ဘယ်သူ့ကိုမှမမေးဘဲမနေဘူး။ လိုလားစွာပြောမပြလာသ၍တော့​မြူမိုင်းဘက်ကအရင်စပ်စုတာမျိုးကဘယ်တော့မှမလုပ်ဘူး။

​နောက်တစ်​နေ့မနက်သူထလာတော့သူအတွက်စားပွဲပေါ်မှာအမြဲတမ်းမြင်နေရတဲ့မနက်စာကအဆင်သင့်ပဲဖြစ်သည်။ သူ့အတွက်မနက်စာကိုနေ့တိုင်းမြင်ရတာကအကျင့်တစ်ခုလိုဖြစ်​နေခဲ့သည်။ နွားနို့ပူပူလေးတစ်ခွက်ကတော့အမြဲတမ်းသူ့အတွက်ရှိနေတတ်သည်။ ဒီလိုနဲ့နေသားကျလာပြီးဖျောက်လို့မရတဲ့အကျင့်ဖြစ်လာတော့မှာကိုကြောက်ရွှံ့မိသည်။

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now