~You are too far from me, like an illusion~
သူ့ကျောပေါ်မှာရှိနေတဲ့ကလေးကသူ့လည်ပင်းကိုတင်းတင်းကျပ်ကျပ်သိုင်းဖက်ထားပြီးတိတ်ဆိတ်နေသည်။ ကလေးကအိပ်ပျော်သွားတာလား။ ဒါမှမဟုတ်သူဆူမှာကိုကြိုသိပြီးတိတ်နေတာလားဆိုတာနိုင်းမာန်အတည်မပြုနိုင်သေးဘူးဖြစ်နေသည်။ အိမ်ရောက်တော့ကလေးအခန်းထဲအထိလိုက်ပိုပေးဖြစ်သည်။ သူ့ကျောပေါ်မှာပါလာတဲ့ကလေးကိုအိပ်ယာပေါ်မှာသာသာယာယာလေးချပေးတော့ကလေးကအိပ်ပျော်နေတာမဟုတ်ခဲ့ဘူး။ သူ့ကိုသေချာကြည့်နေပြီးကလေးမျက်နှာကညိုးငယ်နေသည်။ အိပ်ရာပေါ်မှာငုတ်တုတ်ထိုင်နေပြီးသူ့ကိုလည်းဘာမှမပြောဘဲတိတ်နေသည်။ ကလေးရဲ့အခုလိုပုံစံကိုမြင်တော့လည်းနိုင်းမာန်မဆူရက်ဘူး။ ဒါပေမယ့်သူဒေါသထွက်နေဆဲပဲဖြစ်သည်။
"ရေအရင်ချိုးမလား"
"ဟုတ်"
နိုင်းကသူ့ကိုမဆူဘူး။ ဒါပေမယ့်နိုင်းသူ့ကိုစိတ်ဆိုးနေသည်။ သူ့ကိုစိတ်ဆိုးနေပေမယ့်နိုင်းကသူ့ကိုဂရုစိုက်ပေးနေသေးသည်။ ဒါကြောင့်သူနိုင်းစကားကိုနားထောင်ရမည်။
"ကိုယ်ကူညီရမလား"
လူကမူးနေတော့ခန္တာကိုယ်ကယိုင်နေသည်။ အင်္ကျီကြယ်သီးတွေကသူ့လက်ကနေချော်ထွက်နေပြီးဖမ်းလို့မမိဘူးဖြစ်နေသည်။ နိုင်းကသူလုပ်နေတဲ့ပုံစံကိုမြင်ပြီးကူညီပေးချင်တာဖြစ်လောက်သည်။
"လူမှန်းသူမှန်းမသိအောင်ကိုမူးလာတာပဲ"
နိုင်းရဲ့လေသံကသူ့ကိုရွှဲ့နေတာမြူမိုင်းသိသည်။ နိုင်းကသူ့ကိုမျက်စောင်းလေးနဲ့မကျေနပ်သလိုပြောနေတာကိုလည်းသူသတိထားမိသည်။ သူ့ကိုမကျေနပ်သလိုပြောနေပေမယ့်နိုင်းရဲ့လက်တွေကသူ့အင်္ကျီပေါ်ရောက်နေခဲ့ပြီဖြစ်သည်။
"ကျွန်တော်လူမှန်းသူမှန်းသိတယ်။ အခုကျွန်တော့်ရှေ့မှာနိုင်းရှိနေတယ်လေ"
သူ့ကိုကလေးတစ်ယောက်လိုမျိုးလာချွဲနေတဲ့ကလေးကြောင့်နိုင်းမာန်ဆူဖို့ဆန္ဒလေးတောင်ပျောက်ရှချင်သွားသည်။ သူ့လက်ကိုကိုင်ထားပြီးကျွန်တော့်ရှေ့မှာနိုင်းရှိတယ်လို့ပြောနေတဲ့ကလေးရဲ့မျက်ဝန်းတွေကတောက်ပနေသည်။ တစ်ခါတစ်လေကျရင်လေသူတောင်မသိလိုက်ဘဲအဲ့ဒီမျက်ဝန်းလေးတွေကိုနိုင်းမာန်ငေးကြည့်မိနေသည်။ သူ့အတွက်လှပပြီးတန်ဖိုးထားစရာဖြစ်နေသလိုသူခံစားရသည်။
![](https://img.wattpad.com/cover/286276174-288-k477947.jpg)
YOU ARE READING
Summertimes Sunset Dreaming 💙 [COMPLETED]
Romance"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)