14~A habit is stronger than a reason~

536 37 2
                                    

~I will never let myself of becoming a Habit being around you~

ဆိုင်မှာကသူ့တစ်​ယောက်တည်းကြောင့်နဲ့အကြိမ်ကြိမ်အခါခါပြဿနာဖြစ်ထားတာရှိ​နေတာကြောင့်​မြူမိုင်းသူ့ကြောင့်နဲ့ထပ်ပြီးပြဿနာထပ်မရှိစေလိုတာမို့သူ့စိတ်ထဲမှာရင်ခွင်တို့မြန်မြန်ပြန်သွားဖို့ကိုသာဆုတောင်းသည်။ သူ့အတွက်ကတောင်းပန်ရဖန်များလာတော့တောင်းပန်တဲ့စကားကိုတောင်​မြူမိုင်းမုန်းချင်လာသည်။

"မင်းသူ့ကိုသိပြီးသားလား"

"အင်း။ မင်းတို့ပြောတဲ့တစ်ယောက်ကလည်းသူပဲလား"

ဘယ်လိုတောင်တိုက်ဆိုင်ရတာလဲ။ ဒါကြောင့်မို့လည်းလောကကြီးကကျဥ်းကျဥ်းလေးလို့ပြောကြတာဖြစ်သည်။ သူ့ကိုသိနေတာတောင်စကားတစ်ခွန်းတောင်မပြောဘဲသူ့အလုပ်ပဲသူလုပ်နေတဲ့မြူမိုင်းကြောင့်ရင်ခွင်ကပဲလိုက်ပြီးစကားပြောနေမိသည်။

"မှာထားတာရပါပြီ"

"ငါ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးမယ်လေ။ ခဏနေပါဦး"

ရင်ခွင်ကသူ့ကိုလိုက်နှောင့်ယှက်နေသလိုပဲ။ သူဘယ်လောက်ပဲရှောင်ရှောင်ရင်ခွင်ကဇွတ်ဝင်တိုးနေသည်။

"ငါ့မှာလုပ်စရာရှိတယ်။ ပြီးတော့မင်းသူငယ်ချင်းတွေကိုငါမသိချင်ဘူး"

စကားကိုခပ်မာမာပဲပြန်ပြောပြီးမြူမိုင်းအဲဒီနေရာကအမြန်ထွက်လာခဲ့သည်။ ရင်ခွင်ပြောတဲ့သူမိတ်ဆက်ပေးမယ်ဆိုတဲ့သူ့သူငယ်ချင်းတွေကကောင်းတဲ့သူတွေမဟုတ်ဘူးဆိုတာအရင်တစ်ခါခံလိုက်ရကတည်းက​​မြူမိုင်းသိတာ​ကြောင့်ပုံစံတူတွေပေါင်းမိနေကြတာလားလို့တွေးပြီးသူ့ရဲ့လာမယ့်ကျောင်းတက်ရက်တွေအတွက်စိတ်ပူသည်။

"ငါပြောပါတယ်..မာပါတယ်ဆို။ ဒါနဲ့ဘယ်လိုသိတာလဲ"

"ကျောင်းကအတန်းတူတူပဲ။ ငါ့ဘေးမှာထိုင်တာ"

"မင်းအသိမို့ငါ့ကိုမကူတော့ဘူးလို့မပြောနဲ့ဟေ့ရောင်"

အစတုန်းကတော့သူတို့ကိုရင်ခွင်ကူညီပေးဖို့လာခဲ့တာပဲ။ အခုတော့ဘယ်လိုဆက်လုပ်ရမှန်းမသိတော့ဘူး။ ဒီကောင်တွေနဲ့ဟိုးငယ်ငယ်လေးကတည်းကသူပေါင်းလာခဲ့တာဖြစ်သည်။ မကောင်းတဲ့သူဆိုတာသိပေမယ့်အပေါင်းအသင်းလုပ်နေဆဲဖြစ်သည်။ သူတို့တွေမနေ့ကသူ့ဆီကိုကော်ဖီဆိုင်တစ်ဆိုင်ကကောင်းလေးတစ်ယောက်ရဲ့မ​ကျေနပ်တဲ့အကြောင်းလာပြောပြသည်။ သူတို့ပြောတဲ့ကောင်လေးကမြူမိုင်းဖြစ်နေမှန်းသူတစ်ခါလေးမှတောင်မတွေးခဲ့ဖူးဘူး။

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now