~Even though I've agreed to keep it a secret, it still hurts~
နိုင်းမာန်အတွက်မိသားစုကသူ့ညီတွေပဲလို့တော့ပြောလို့မရဘူး။ သူ့မှာအဖေရင်းနဲ့အဖေတူညီမလေးတစ်ယောက်လည်းရှိသေးသည်။ အဖေဖြစ်သူနဲ့တော့နိုင်းမာန်အမြဲအဆက်အသွယ်ရှိခဲ့သည်။ မိဘတွေမတော်တဆဖြစ်တာလည်းအဖေကသူ့ကြောင့်လို့သူ့ကိုယ်သူအမြဲအပြစ်တင်နေဆဲပဲ။ အဲ့ဒီနောက်ပိုင်းမှာသူ့ကိုအမြဲလစဥ်အထောက်အပံ့ပေးခဲ့ပေမယ့်နောက်ပိုင်းတော့နိုင်းမာန်လက်မခံတော့ဘူး။ သူ့ကိုယ်သူရပ်တည်နိုင်ပြီမို့အဖေ့ကိုသူမနှောင့်ယှက်ချင်တော့ဘူး။ အဖေကလည်းသူ့သဘောထားကိုနားလည်တာမို့သူ့ကိုအတင်းအကျပ်တွန်းအားမပေးခဲ့ဘူး။
ဒီလကသူ့ညီမဖြိုးရဲ့မွေးလဖြစ်သည်။ နှစ်တိုင်းအဖေကဖြိုးကိုမွေးနေ့ပွဲကျင်းပပေးခဲ့သည်။ သူလည်းနှစ်တိုင်းသူ့ညီမအတွက်လက်ဆောင်ကိုပို့ပေးခဲ့သည်။ သူကိုယ်တိုင်တော့အရောက်မသွားနိုင်ခဲ့ဘူး။ ဖြိုးကသူမလာလို့အမြဲမွေးနေ့တိုင်းမျက်နှာမကောင်းဘူးလို့အဖေကသူ့ကိုပြောပြလာခဲ့သည်။ အဲ့ဒါကြောင့်ဒီနှစ်တော့အဖေတို့မိသားစုကရန်ကုန်ကိုတက်လာလည်မယ်လို့ပြောလာသည်။ အဲ့အတွက်လည်းနိုင်းမာန်အခန်းလွတ်တွေကိုသန့်ရှင်းရေးလုပ်နေရသည်။
သူအိမ်ပြောင်းပြီးကတည်းကအဖေသူ့ဆီကိုတစ်ခါမှကိုယ်တိုင်ကိုယ်ကျလာမလည်ဖူးဘူး။ သူတို့အမြဲတမ်းဖုန်းနဲ့ပဲအဆက်အသွယ်လုပ်ခဲ့ကြသည်။ ဒါပေမယ့်ဒီနှစ်တော့ဘာကြောင့်မှန်းမသိပေမယ့်အဖေတို့ကလာလည်မယ်ပြောတော့နိုင်းမာန်ပျော်သည်။
ဖြိုးကသူ့အတွက်အဖေတူအမေကွဲညီမလေးဖြစ်ပေမယ့်အမြွှာတို့အတွက်ကတော့သွေးသားမတော်စပ်တဲ့သူတွေဖြစ်သည်။ ဒါပေမယ့်လည်းသူတို့အားလုံးကမိသားစုဝင်တွေပဲဖြစ်သည်။ အစတုန်းကတော့အကြီးကောင်ကမိဘတွေအက်စီးဒန့်နဲ့ဆုံးပါးသွားရတာကအဖေ့ကြောင့်လို့အပြစ်တင်ခဲ့ပေမယ့်လည်းအခုသူတို့တွေလည်းအရွယ်ရောက်လာပြီမို့ဖြစ်သင့်မဖြစ်သင့်ပြောသင့်မပြောသင့်တာတွေကိုဝေဖန်ပိုင်းခြားတတ်လာကြသည်။ အချိန်ကအရာရာကိုကုစားပေးနိုင်ခဲ့တယ်ထင်သည်။
YOU ARE READING
Summertimes Sunset Dreaming 💙 [COMPLETED]
Romance"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)