~You're too nice..Sometimes I feel like I don't deserve it~
အခုချိန်မှာမြူမိုင်းအတွက်အရေးကြီးဆုံးကဘာလဲလို့မေးမယ်ဆိုရင်သူ့အဖြေကနိုင်းမာန်ဖြစ်လောက်သည်။ အရင်တုန်းကသူ့အတွက်အရေးအကြီးဆုံးကသူ့အိမ်မက်ဖြစ်ခဲ့သည်။ ပျောက်ကွယ်သွားမှာကိုကြောက်ရွှံ့ခဲ့သည်။ အခုတော့အိမ်မက်ထက်လက်တွေ့ကိုမြူမိုင်းပိုပြီးဖက်တွယ်မိနေသည်။
သူအိမ်မက်မမက်ခဲ့တာကြာခဲ့ပြီ။ နိုင်းနဲ့တွေ့ပြီးနောက်ပိုင်းမှာသူတစ်ရက်မှထူးဆန်းတဲ့အိမ်မက်မမက်တော့ဘူး။ နိုင်းကသူလိုနေတဲ့နွေးထွေးမှုကိုဖြည့်ဆည်းပေးနေတော့သူ့အတွက်အိမ်မက်ကမလိုအပ်တော့တာကြောင့်ပျောက်ကွယ်သွားတာထင်သည်။ တစ်ကယ်လို့သာနိုင်းသူ့ဘေးမှာမရှိတော့ရင်အိမ်မက်ကသူ့ဆီထပ်လာဦးမလား။
အိမ်မှာရှိနေတဲ့အချိန်မှာမြူမိုင်းတော်တော်များများတွေးနေခဲ့သည်။ သူ့ကိုမွေးဖွားပေးခဲ့တဲ့မိဘတွေကိုသူသိချင်သည်။ သူ့ကိုဘာလို့စွန့်ပစ်ခဲ့လဲကိုသိချင်သည်။ ပြီးတော့သူ့ရဲ့မွေးစားမိဘတွေအကြောင်းကိုလည်းသူသိချင်သည်။ အခုအချိန်မှာကျန်းကျန်းမာမာရှိနေကြရဲ့လားလို့သိချင်သည်။ ပြန်စဥ်းစားကြည့်တော့သူ့သိချင်တာတွေသိပ်များနေသည်။ သူဘာကိုမှမသိချင်ဘူးဆိုတာကသူ့ကိုယ်သူလိမ်နေခဲ့တာပဲဖြစ်သည်။
သူ့ကိုမွေးပေးခဲ့တဲ့မိဘတွေအကြောင်းကိုသူစုံစမ်းချင်ခဲ့သည်။ သူငယ်ငယ်ကရှိနေတဲ့ဂေဟာကိုသူပြန်သွားရမှာကြောက်နေခဲ့သည်။ သူအမှန်တရားကိုသိချင်ပေမယ့်သိရမှာကိုလည်းကြောက်နေသည်။ တစ်နေ့တော့သူသွားဖြစ်အောင်သွားဖို့ဆုံးဖြတ်ထားသည်။ အခုတော့သူ့ရှေ့မှာရှိနေတဲ့နိုင်းကသူ့ရဲ့တစ်ဦးတည်းသောမိသားစုဝင်လို့မြူမိုင်းယူဆထားသည်။
တစ်နေ့ကျရင်သူ့ကိုယ်ပိုင်မိသားစုလေးတစ်ခုထူထောင်ချင်ခဲ့သည်။ ရလာတဲ့သားသမီးကိုလည်းတာဝန်ယူပြီးပျော်ပျော်ရွှင်ရွှင်နေဖို့မြူမိုင်းအိမ်မက်ရှိခဲ့ဖူးသည်။ သူကြုံလာခဲ့ရသလိုသူ့မိသားစုထဲကဘယ်သူမှမကြုံရအောင်ထားဖို့သူကြိုးစားမယ်လို့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာရှိခဲ့ပေမယ့်သူ့အိမ်မက်ကတစ်နေ့ဖြစ်လာနိုင်ပါ့မလား။
![](https://img.wattpad.com/cover/286276174-288-k477947.jpg)
YOU ARE READING
Summertimes Sunset Dreaming 💙 [COMPLETED]
Romance"I LOVE YOU" All of my dreams come true when I can look into your eyes and can stay by your side~💙 ကိုယ်တို့ဆုံတွေ့ရတာကတစ်ကယ်ပဲကံကြမ္မာကြောင့်လား။ ကိုယ်ကတော့အိမ်မက်တစ်ခုလို့ထင်နေဆဲပဲ။ Dream Come True (You are my dream) My Own Creation 💙 (4)