12~We are like brothers~

591 39 0
                                    

~I don't want you to be my brother but I feel like we are family~

ဒီနေ့ကဆိုင်ပိတ်ရက်ဖြစ်ပေမယ့်လည်းနိုင်းမာန်အစောကြီးထ​ဖြစ်သည်။ ဒီနေ့သူမြူမိုင်းကလေးနဲ့ချိန်းထားခဲ့တာဖြစ်လို့အစောကြီးထပြီးပြင်ဆင်ဖြစ်သည်။ မနေ့ကသူမအိပ်ခင်ကကလေးဆီကိုဖုန်းခေါ်ပြီးတွေ့ဖို့ချိန်းထားတာကြောင့်ချိန်းထားတဲ့​နေရာကိုစောစောစီးစီးထွက်လာခဲ့သည်။ နောက်တစ်ခါထပ်ပြီးနောက်မကျချင်တာကြောင့်ဒီတစ်ခါတော့သူအရင်အရောက်သွားခဲ့သည်။

ဒီနေ့နေ့လယ်ပိုင်းလောက်ကိုမိုင်းအဆောင်ဝင်ဖို့လုပ်ထားတာကြောင့်မနက်ပိုင်းခဏမှာအချိန်အားတာကြောင့်ဆိုင်ရှင်ချိန်းတာကို​မြူမိုင်းလက်ခံလိုက်သည်။ ဆိုင်ရှင်ကချိန်းရတဲ့အကြောင်းအရာကိုထွေထွေထူးထူးမပြောဘဲသူ့ကိုထွက်လာခဲ့ဖို့ပြောသည်။ ဖုန်းနဲ့ပြောဖို့အဆင်မပြေတာကြောင့်အပြင်မှာတွေ့ဖို့ပြောတာမို့လက်ခံလိုက်သည်။

ချိန်းထားတဲ့​နေရာကို​မြူမိုင်းရောက်သွားတော့ဆိုင်ရှင်ကသူ့ထက်အရင်ရောက်နှင့်နေသည်။ ဆိုင်ရှင်ကသူတွေ့နေကျမနက်တိုင်းသောက်နေကြဘလက်ခ်ကော်ဖီတစ်ခွက်နဲ့ဖြစ်သည်။ တည်ငြိမ်တဲ့အသွင်နဲ့ခန့်ငြားနေမှုကသူ့ကိုဆီးကြိုစောင့်နေသည်။ သူရောက်လာပြီးထိုင်ချလိုက်​တော့သူ့ဆီကိုနွားနို့ပူပူလေးတစ်ခွက်ကရောက်လာသည်။ သူမနက်တိုင်းဆိုင်မှာသောက်နေကြနွားနို့ပူပူလေးဖြစ်သည်။ သူသောက်​​​နေ​ကြ​ဖြစ်မှန်းကိုဆိုင်ရှင်ကသိနေပုံရသည်။

"ကျေးဇူးပါ"

"နွေးနေတုန်းသောက်လိုက်။ ကိုယ်ကရောက်ရောက်ချင်းသောက်ရင်အပူလောင်မှာစိုးလို့နွေးနွေးလေးပဲမှာထားပေးတာ"

​သေးငယ်တဲ့ဂရုစိုက်မှုတွေကသူ့ကိုနွေးထွေးလာစေသည်။ ဒါပေမယ့်မြူမိုင်းအတွက်ကလက်ခံဖို့အနည်းငယ်စိမ်းနေသေးသည်။ သူ့အပေါ်ကောင်းတဲ့သူကိုသူကြောက်​ပေမယ့်လည်းအနည်းငယ်ပျော်ရွှင်ရသည်။ ရင်ထဲနွေးထွေးသွားရတဲ့ခံစားချက်မျိုးကိုသူပထမဆုံးခံစားလိုက်ရသည်။ သူ့အပေါ်ဘယ်သူကမှဂရုစိုက်ပေးခဲ့တာမရှိတာကြောင့်ဂရုစိုက်မှုသေးသေးလေးကလည်းသူ့အတွက်ကစိတ်ထဲစွဲကျန်စေသည်။

Summertimes Sunset Dreaming 💙 [COMPLETED]Where stories live. Discover now